top of page

ကချင်ပြည်နယ် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းသောကြောင့်ဧရာဝတီ မြစ်ရေမြှင့်တက်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Apr 25
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊ဧပြီ၊၂၀၂၅။




ကချင်ပြည်နယ် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းသောကြောင့်ဧရာဝတီ မြစ်ရေမြှင့်တက်လာကြောင်း မြစ်ကြီးနား ဒေသခံများပြောပြချက်အရသိရသည်။


“မနေ့ကလောက်ထိတော့ ဗလမင်းထင် တံတားအောက်မှာ သဲကျောက် သယ်တဲ့ကား တွေနဲ့ တံတားဆောက်တဲ့လူတေရှိသေးတယ်၊ ဒီမနက်ပြန်ကြည့်ကြည့်တော့ အဲနေရာတွေ အကုန်လုံး ရေတွေပြည့်နေတယ်” ဟု ဝိုင်းမော်တွင်နေထိုင်သူ တစ်ဦးကပြောပြသည်။


ဧရာဝတီမြစ်ရေကျချိန် မြစ်ကမ်းစပ်နေရာများတွင် သဲကျောက်လုပ်ငန်းနှင့် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်သူများရှိနေသော်လည်း မြစ်ရေမြှင့်တက်လာသောကြောင့် လုပ်ငန်းများရပ်ဆိုင်းထားရကြောင်းသိရသည်။


ပူတာအိုတွင်လည်း မိုးဆက်လက်ရွာသွန်းလျက်ရှိကြောင်းကို “ ရွာတယ် ခုတလောမိုးရွာနေတယ် ကျွန်တော်တို့ နေတဲ့ နေရာမှာတော့ အရမ်းကြီးတော့မရွာဘူး တခြားဘက်မှာအရမ်းရွာလားတော့ မသိဘူး၊ ကျွန်မလည်း မနက်ဖြန်မှ အဲ့ မလိခဘက် ရေဘယ်လောက်တက်လည်းသွားကြည့်အုံးမယ်။” ဟု ပူတာအိုမြို့ အောက်ချိုင့်အနီးနေထိုင်သောအမျိုးသမီး တစ်ဦီးကပြောသည်။


ကချင်ပြည်နယ် မိုးလေဝါသနှင့် ဇလဗေဒ ဦးစီအရာရှိ တစ်ဦးကလည်း ဧရာဝတီမြစ်ရေသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်တက် အနည်းငယ်ပြန်ကျလျက်ရှိနေပြီး၂၃ ဧပြီလ ညနေပိုင်းမှစတင်ကာ ၂၄ ရက် ဧပြီ နံနက်ပိုင်းထိ ရေအတက်မြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်း(၁၁)ပေ ခန့် အထိမြင့်တက်လာခဲ့ကြောင်းဖော်ပြထားပြီး ယနေ့ ၁၂ နာရီခွဲ အချိန်တွင် ရေပြန်လည်ကျ၍ တဖြည်းဖြည်းဆက်လက်ကျဆင်းလျက်ရှိကြောင်း သုံးသပ်ထားသည်။


မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းဒေသများနှင့် ဧရာဝတီမြစ်အထက်ပိုင်းဒေသ ပူတာအိုခရိုင်တို့တွင် တိမ်ထူထပ်လျှက်ရှိပြီး အနည်းငယ်မှ မိုးအသင့်သင့် ရွာနိုင်ကြောင်းလည်းသုံးသပ်ထားသည်။


ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁၂၀၀)cm သို့ ရောက်ရှိရန် (၅၉၈)cm (၁၉)ပေ ခွဲကျော်ခန့် အလိုတွင်ရောက်ရှိနေကြောင်း၊ ဧရာဝတီမြစ်ကမ်းရိုတစ်လျှောက်နှင့်မြစ်ကမ်းအနီး မြေနိမ့်ဒေသများ နှင့် မြေနုကျွန််းပေါ်များတွင် စိုက်ပျိုးလုပ်ကိုင်၊ နေထိုင်နေကြသော တောင်သူများနှင့် မိဘပြည်သူများအားလုံး သိရှိနိုင်ပါရန် အသိပေးတင်ပြထားသည်။


သတင်း-ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page