top of page

PAJAU MEDIA CHANNEL
IDP သတင်း


ရွှေကူမြို့နယ်မှ စစ်ရှောင်၆ထောင်ကျော်အတွက် နေရာထိုင်ခင်းနှင့် စားဝတ်နေရေး ခက်ခဲနေ
ပါဂျောင်မီဒီယာ ၂၅ရက်၊မတ်လ၊၂၀၂၆။ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင်း စစ်ရှောင်နေကြသည့် စစ်ရှောင်များမှာ စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေးခက်ခဲလာခြင်းနှင့် နေထိုင်စရာ နေရာအခက်အခဲများ ကြုံတွေ့လာနေရသည်ဟု စစ်ရှောင်များက ပြောသည်။ ရွှေကူမြို့နယ်တွင် စစ်ရှောင်နေကြသည့် ဒေသခံများမှာ ဗန်းမော်၊ မံစီ၊ မိုးမောက် စသည့်ဒေသများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေထိုင်ကြခြင်းဖြစ်ပြီး၊ ရွှေကူမြို့မှ ဘုန်းကြီးကျောင်းများ၊ ဘာသာရေး သာသနာကျောင်းဝင်း(၁၃) နေရာနှင့် မိမိဆွေမျိုးနေအိမ်များ
Mar 25


နေရပ်ရင်းသို့ မပြန်နိုင်သည့် စစ်ရှောင်များအတွက် ဝန်ကြီးချုပ်မှ နေစရာ စီစဉ်ပေးမည်
ပါဂျောင်မီဒီယာ ၂၀ရက်၊ဇန္နဝါရီ၊၂၀၂၆။ မိုင်းနား KBC စစ်ရှောင်စခန်းမှ စစ်ရှောင်အများစုမှာ မိမိနေရပ်ရင်းသို့ ပြန်နေကြပြီဖြစ်သော်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် မပြန်နိုင်သေးသည့် စစ်ရှောင်များကိုမူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်တို့အဖွဲ့မှ နေရာထိုင်ခင်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ရှောင်များထံမှ သိရသည်။ “မနေ့က စခန်းမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ခက်ထိန်နန် လာသွားတယ်။ ဝန်ကြီးကလဲ နေရပ်ရင်းပြန်ဖို့ပဲ အများစုပြောသွားတယ်။ ဒါပေမယ့် အကြောင်းမျိုးမျိုးကြောင့် မပြန်နိုင်တဲ့
Jan 20


ဖုန်ငိုင်ယန်မှ နေအိမ်အများစု ဆောက်လုပ်ပြီးစီးသော်လည်း အိမ်ခြေ(၁၅)အိမ်အတွက် အကူအညီလိုအပ်နေဆဲ
ပါဂျောင်မီဒီယာ ၉ရက်၊ဇန္နဝါရီ၊၂၀၂၆။ သွားလာရေးခရီးခက်ခဲမှုကြောင့် နေအိမ်ဆောက်လုပ် နေထိုင်ရန် ခက်ခဲသည့် ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် KBC လူမှုကူညီရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုဖြင့် စစ်ရှောင်များ နေအိမ်ကို ဆောက်လုပ်နိုင်ခဲ့ပြီး အများစုမှာ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း စစ်ရှောင်များမှ သိရသည်။ စစ်ရှောင်ကာလ ကြာမြင့်လာသော်လည်း နေရပ်ရင်းမပြန်လာနိုင်သေးသောကြောင့် အသစ်ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေသည့် စစ်ရှောင်နေအိမ်များကို လူမှုကူညီရေးအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ပြန်လည်တည်ဆောက်နေက
Jan 9
bottom of page