top of page

PAJAU MEDIA CHANNEL
IDP သတင်း


ဖုန်ငိုင်ယာန် စစ်ရှောင်စခန်းရှိ ပြည်သူများ စစ်ကောင်စီလေကြောင်းရန်ကြောင့် ထပ်မံတိမ်းရှောင်နေရ
ပါဂျောင်မီဒီယာ ၁၇ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။ ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအုပ်စုမှပြည်သူများ(၁၀၀၀)ခန့်သည် ၂၀၂၄ ခုနှစ် မေလက စပြီး ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုလတွင် လေကြောင်းရန်စိုးရိမ်ဖွယ်ရှိလာသဖြင့် တောထဲသို့ထပ်မံတိမ်းရှောင်နေကြရကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာအစောပိုင်များတွင် ပူတာအိုမြို့နယ်နှင့်ခေါင်လန်ဖူးမြို့နယ်ဖက်သို့ စကစ၏လေကြောင်းတိုက်ခိုက်မှု(၅)ကြိမ်ထက်မနည်းရှိခဲ့ပြီး ပူတာအိုမြစ်ကြီးနားကားလမ်းတကြော၌လည်းလေကြောင်း
Nov 17


တစ်နှစ်နီးပါး ရှိလာပြီဖြစ်သည့် ဗန်းမော်ဒေသ စစ်ရှောင်များ စားဝတ်နေရေး ခက်ခဲလာ
ပါဂျောင်မီဒီယာ ၁၂ရက်၊နိုဝင်ဘာ၊၂၀၂၅။ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်သည့် ဗန်းမော်ဒေသမှ အရပ်သားပြည်သူ ဒေသခံများမှာ တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှ ကူညီထောက်ပံ့မှ အမြဲမရရှိဘဲ စားဝတ်နေရေး ခက်ခဲကြပ်တည်းလာသည်ဟု စစ်ရှောင်များပြောပြချက်အရ သိရသည်။ ဗန်းမော်ဒေသသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ရက်နေ့ကတည်းက ဗန်းမော်မြို့ မလိခချောင်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် မြလယ်၊ ဟန်ထက်၊ ကောင်းတုံ၊ မန်တဲ၊ မုံးခေါင်၊ လန်ကား၊ မုန်းဒိန်ပါ၊ စင်းခန်းနှင့် အခြားကျေးရွာများ (၃၀)ကျော်မှ စစ်ရှောင်လာသည့် ဒေသ
Nov 12


နမ္မတီးဒေသရှိ ဖားကန့်-ဆိုင်းဖရာစစ်ရှောင်များအတွက် အကူအညီများလိုအပ်
ပါဂျောင်မီဒီယာ ၂၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။ နမ္မတီးဒေသတွင် တိမ်းရှောင်လာသည့် ဖားကန့်-ဆိုင်းဖရာကျေးရွာ ဒေသခံများအတွက် အစားအသောက်နှင့် အခြားအခြေခံလိုအပ်သည့် အသုံးစရိတ် ပစ္စည်းများ အရေးတကြီးလိုအပ်လာကြောင်း စစ်ရှောင်များက ပြောသည်။ စစ်ရှောင်ဒေသခံများမှာ စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရှာဖွေစားသောက်ရန် ခက်ခဲလာသည့်အပြင် ပါလာသည့်ပိုက်ဆံနှင့် အစားအသာက်များလည်း ကုန်လာပြီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်း ပါလာကာ အဖက်ဖက်မှ ခက်ခဲကြပ်တည်းလာသည်ဟု ဆိုသည်။ လက်ရှိစစ်ရှောင်စခန်းအတွင်း အဓိက
Oct 28
bottom of page