top of page

ကချင်ပြည်နယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်

  • Writer: Pajau Media
    Pajau Media
  • Jul 30, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၀၊ ၇၊ ၂၀၂၄




၂၀၂၁ခုနှစ်မှအစ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် တစ်ဝှမ်းတွင် မှုးယစ်ဆေးဝါးများသည် နေရာအနှံ့တွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းဝယ်ဖောက်ကားလာခဲ့ပြီး လူတိုင်းမှလည်း ကျယ်ပြန့်စွာ ဥပဒေမဲ့သုံးစွဲလာခဲ့ကြသည်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု များလာသည့်အပြင် မြစ်ကြီးနားမြို့ပေါ်တွင် ကြိတ်ဝိုင်းလောင်းကစားရုံများလာသောကြောင့် ခိုးဆိုးလုယှက်များပေါများလာခဲ့သည်။ ရပ်ကွက်အတွင်း စာသင်ကျောင်းပတ်ဝန်းကျင်တွင်လည်း မူးယစ်ဆေးဝါးရရှိနေသောကြောင့် ကချင်လူငယ်များအပါအဝင် ကျောင်းနေအရွယ်ကလေးများ မူးယစ်သားကောင်ဖြစ်လာဖို့ အခွင့်အရေးများလာခဲ့သည်။


ထိုအပြင် ဒေသအသီးသီးမှ လူထောင်ပေါင်းများစွာ လာရောက်လုပ်ကိုင်နေကြသော ဖားကန့်ဒေသရှိ ရေမဆေးကျောက်ရှာဖွေရေးလုပ်သားများသည် ပင်ပန်းမှုကို ဖြေဖျောက်နိုင်ဖို့ရန်အတွက် မူးယစ်ဆေးဝါးကို အသုံးပြုနေကြသည်။ ယခုအခါ လူအယောက် ၁၀၀ တွင် ၈၅ ဦးခန့် သုံးစွဲနေကြကြောင်း ရေမဆေးကျောက်ရှာဖွေသည့်လုပ်သားတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောကြားခဲ့သည်။


ကချင်ပြည်နယ်တွင် ၂ဝ၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုပေါင်း (၇၆၆)မှု၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၈၅၂၆ ဒသမ ၁၄၇)သန်းနှင့် ပြစ်မှုကျူးလွန်သူ (၉၉၆) ဦး ရှိခဲ့ပြီး ၂ဝ၂၃ ခုနှစ် မေလအထိ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုပေါင်း ၂၄၅ မှု ၊စုစုပေါင်းတန်ဖိုးငွေကျပ် (၆၈၃၈ ဒသမ ၃၃၈) သန်း နှင့် ပြစ်မှုကျူးလွန်သူ ၃၁ဝ ဦး ရှိခဲ့သည်။


ကချင်ပြည်နယ်တစ်ခုလုံးအတွက် ဆေးဖြတ်ပေးသည့် ဝန်ဆောင်မှုရရှိနိုင်သော အစိုးရဆေးရုံနှစ်ခုသာ မြစ်ကြီးနားနှင့် ဗန်းမော်၌ လည်ပတ်လျက်ရှိပြီး လက်ရှိအချိန်ထိ အစိုးရဦးဆောင် ကမကထပြုသည့် ပြန်လည်ထူထောင်ရေးဌာနတစ်ခုတစ်လေမျှ လည်ပတ်နေခြင်းမရှိပေ။ လက်ရှိဗန်းမော်ဒေသ စစ်ပွဲများလည်းရှိနေသောကြောင့် ဆေးဖြတ်ပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပါ။ ကချင်ပြည်နယ်တွင် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ထိ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထာင်ရေးစခန်းပေါင်း ၁၈၀ ကျော်ထိ ရှိလာခဲ့သည်။


Commentaires


Pajau Media

Thanks for subscribing!

bottom of page