top of page

PAJAU MEDIA CHANNEL


အပတ်စဥ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၂၅ရက်၊ ဧပြီလ၊ ၂၀၂၆။

Pajau Media
4 days ago1 min read


လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး
ပါဂျောင်မီဒီယာ ၂၄ရက်၊ဧပြီ၊၂၀၂၆။ ဖားကန့်ဒေသတွင် စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။ ဧပြီ၂၃ရက် ည၁၀နာရီချိန်ခန့်က ဖားကန့်တပ်မကုန်းရှိ စစ်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးက နမ္မဖြစ် ကက်သလစ်စစ်ရှောင်စခန်းတွင်း ကျရောက်ပေါက်ကွဲသောကြောင့် ဘုရားကျောင်းအစောင့်၏သား အသက်သေဆုံးခဲ့ပြီး၊ နောက်ထပ်ပြည်သူနှစ်ဦးလည်း ထိခိုက်ခဲ့ရကြောင်း သိရသည်။ သေဆုံးသူမှာ အသက် (၁၃) နှစ်အရွယ်ရှိ မောင်ဆွတ်ဂျတ်အောင်ဆိုသူဖြစ်ပြီး၊ မိခင်ဖြစ်သူနှင့် ညီဖြစ်

Pajau Media
5 days ago1 min read


ရွှေကူဒေသ စစ်တပ်စခန်း KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းယူ
ပါဂျောင်မီဒီယာ ၂၄ရက် ဧပြီ ၂၀၂၆။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် နှစ်ဖက်စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွှေကူမြို့ ၅လမ်းဆုံနေရာတွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်မှ သိမ်းနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ ကချင်ပြည်နယ် KIA တပ်မဟာ(၁၁) နယ်မြေဖြစ်သည့် ရွှေကူဒေသကို စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုး လှုပ်ရှားလာခဲ့ကြောင်းသိရသည်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို စစ်ကောင်စီတပ် ခလရ(၅၆)၊ ခမရ(၆၀၂)၊ တပ်မ (၈၈) လက်အော

Pajau Media
5 days ago1 min read


မြို့နယ်ပေါင်း၆၀ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် မင်းအောင်လှိုင်ထုတ်ပြန်
ပါဂျောင်မီဒီယာ ၂၄ရက်၊ ဧပြီလ၊ ၂၀၂၆။ မတရားအာဏာလုယူထားသည့် သမ္မတ ဦးမင်းအောင်လှိုင်သည် ကချင်ပြည်မှ မြို့နယ် ၅ မြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၆၀) ကို ရက်ပေါင်း (၉၀) စစ်အုပ်ချုပ်ရေးအဖြစ် ယမန့်နေ့ ဧပြီလ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အဆိုပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်.

Pajau Media
5 days ago1 min read


ရွှေကူဘက် စစ်ရေးတင်းမာနေ
ပါဂျောင်မီဒီယာ ၂၃၊ဧပြီ၊၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာသောကြောင့် KIAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။ စစ်ကောင်စီက KIA တပ်မဟာ(၁၁) နယ်မြေ ရွှေကူဒေသ ဂျန်မိုင်ဒေသဘက်တွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက် ညနေပိုင်းမှစပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာကြောင်း သိရသည်။ ထို့အပြင် စစ်တပ်က ဂျန်မိုင် ၅ လမ်းဆုံကျေးရွာတွင် ဝင်ရောက် တပ်စွဲနေရာယူထားသောကြောင့် KIA.

Pajau Media
6 days ago1 min read


စစ်တပ်မှ ပြည်သူပေါင်း ၄၂ ဦးကို ရိုက်နှက်၍ ခေါ်ဆောင်သွား
ပါဂျောင်မီဒီယာ ၂၃ရက်၊ဧပြီ၊၂၀၂၆။ ဖားကန့်-လုံးခင်းကျေးရွာမှ ပြည်သူ ၄၂ ဦးကို စစ်ကော်မရှင်နှင့်ပူးပေါင်းတပ်ဖွဲ့များက တစ်ရက်ထဲတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ လုံးခင်းကျေးရွာထဲမှ မိုင်ဆေးရုံနှင့် အူရုဆွတ်အောင် တည်းခိုခန်းတွင် အလုပ်လုပ်သည့် ပြည်သူ ၄၂ ဦးကို စစ်ကော်မရှင်ပူးပေါင်းတပ်က ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ဧပြီ ၂၁ ရက်နေ့ညက စစ်ကော်မရှင်တပ်ဖွဲ့က လုံးခင်းကျေးရွာ အောင်ရာရပ်ကွက်မှ မိုင်ဆေးရုံထဲကို ရုတ်တရက်၀င်ရောက်လာပြီး ဆေးဆရာ၀န်တစ်ဦးနှင့် သူနာပြုများ၊ ဆေးကုသခံယူနေသည်

Pajau Media
6 days ago1 min read


ရက်ပေါင်း၂၀ကျော်အတွင်း ပြည်သူပေါင်း ၁၉ဦးသေဆုံး
ပါဂျောင်မီဒီယာ ၂၂ရက်၊ ဧပြီလ၊ ၂၀၂၆။ မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁ရက်နေ့မှ ၂၁ ရက်နေ့ထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်မှသိရသည်။ သေဆုံးသူထဲတွင် အမျိုးသမီး (၈)ဦး၊ အမျိုးသား (၁၁)ဦး စုစုပေါင်း(၁၉) ဦး သေဆုံးခဲ့ပြီး ထိုထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦးလည်း ပါဝင်၍ ထိုသေဆုံးသူတွေကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။ ထိုသေဆုံးသူထဲတွင် ရခို

Pajau Media
Apr 221 min read


စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့မှ ပြည်သူများ အရေးကြီးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားကြရန် IRအဖွဲ့ သတိပေး
ပါဂျောင်မီဒီယာ ၂၂ရက်၊ဧပြီ၊၂၀၂၆။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အင်းတော်မြို့ကို စစ်ကောင်စီ စစ်ကြောင်းထိုး တိုက်ခိုက်လာနိုင်သည့် သတင်းများကြောင့် ပြည်သူများ အရေးကြီးပစ္စည်းများနှင့် ဆေးဝါး၊ရိက္ခာများ ပြင်ဆင်ထားကြရန် Indaw Revolution ( IR) အဖွဲ့ကအသိပေး ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ်များက ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် ကသာမြို့ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အင်းတော်မြို့ဘက်ကိုလည်း တစ်ဆက်တည်း စစ်ကြောင်းထိုးလာနိုင်ကြောင်း နိုင်ငံရေးလ

Pajau Media
Apr 221 min read


လုံးခင်းဆေးရုံတစ်ခုမှ သူနာပြုနှင့် ဆရာ၀န်များ အပါအ၀င် ၀န်ထမ်း၂၀ခန့် စစ်တပ်ဖမ်းဆီးသွား
ပါဂျောင်မီဒီယာ ၂၂ရက်၊ဧပြီ၊၂၀၂၆။ ဖားကန့်-လုံးခင်းကျေးရွာရှိ ဆေးရုံတစ်ခုတွင် ဆရာဝန်များနှင့် သူနာပြုအပါ ၂၀ဦး ခန့်ကို စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဧပြီ၂၁ရက် ည ၉ နာရီခွဲခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ လုံးခင်းကျေးရွာ မိုင်ပုဂ္ဂလိဆေးရုံမှ ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းများကို စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့က အင်အား ၃၀ ခန့်ဖြင့် မိုင်ဆေးခန်းကို ဝင်ရောက်စစ်ဆေးခဲ့သော်လည်း မည်သည့်ဘက်ခ

Pajau Media
Apr 221 min read


မြန်မာ့နှစ်ဆန်း လွှတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ ၁၁၁ဦး ပါဝင်
ပါဂျောင်မီဒီယာ ၂၁ရက်၊ဧပြီ၊၂၀၂၆။ မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် (ဧပြီလ ၁၇ ရက်)နေ့တွင် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၄၃၃၅ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများထဲတွင် ကချင်ပြည်နယ်မှ အကျဉ်းသား (၁၁၁)ဦး ပါဝင် လွတ်ငြိမ်းခွင့်ရကြောင်း သိရသည်။ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူများထဲတွင် ကချင်ပြည်နယ်မှ(၁၁၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁၀၃)ဦး၊ ရှမ်းပြည်နယ်မှ (၃၉၇)ဦး၊ မွန်ပြည်နယ်မှ (၁၃၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၀၅၈)ဦး၊ ကယား ပြည်နယ်မှ (၈)ဦး၊ ကရင်ပြည်နယ်မှ (၁၆၁)ဦးတို့ ဖြစ်သည်။ ထို့အတူ...

Pajau Media
Apr 211 min read


ဘူးဂါးမီးဖြတ်တောက်မှု ကြာလာပြီးနောက် ပြည်သူများ အဖက်ဖက်မှ ခက်ခဲလာ
ပါဂျောင်မီဒီယာ ၂၁ရက်၊ဧပြီ၊၂၀၂၆။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီးနောက် ပြည်သူများ၏ လူနေထိုင်မှုဘဝမှာ အဖက်ဖက်မှ စတင်ခက်ခဲလာသည်ဟု မြို့ခံများက ပြောသည်။ “မီးမရတော့ ဖုန်း၊ ပါဝါဘန့်အားသွင်းတာ၊ လိုင်းသုံးတာ၊ ရေတင်တာ၊ ဘက်ထရီဆိုင်ကယ်အားသွင်းတာ၊ ထမင်းပေါင်းအိုးတည်တာကအစ မီးနဲ့သုံးရတာတွေအားလုံး အရမ်းခက်ခဲလာတယ်။ တချိုု့က ဆိုင်တွေမှာ တစ်နာရီဘလောက်ပေးပြီး သုံးကြတယ်။ တချို့က အခမဲ့သွင်းခိုင်းတာလည်း ရှိတယ်။ ဒါပေမယ့် ကြာလာတော့ ခက်ခဲလာတယ်။”

Pajau Media
Apr 211 min read


ဖားကန့်-နန့်ယား-ကားမိုင်းသွားလမ်းကို KIAမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်မည်
ပါဂျောင်မီဒီယာ ၂၁ရက်၊ဧပြီ၊၂၀၂၆။ စစ်ရေးအခြေအနေများကြောင့် ဖားကန့်-နန့်ယား-ကာမိုင်းသွားလမ်းပိုင်းကို သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်(KIA) တပ်မဟာ(၉)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ ဧပြီလ ၂၂ရက်မှစပြီး ဖားကန့်-နန့်ယား-ကာမိုင်းသွားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။ “ဒီရက်ပိုင်း ဖားကန့်ဘက် စစ်ရေးအခြေနေ သိပ်မကောင်းတော့ အချိန်မရွေး တိုက်ပွဲပြင်းထန်နိုင်တဲ့အတွက် ပိတ်တာဖြစ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ လက်ရှိ ဖားကန

Pajau Media
Apr 211 min read


ဖားကန့်ဒေသ စစ်ရေးအရှိန် တင်းမာလာပြီး ပြည်သူများအား ဖမ်းဆီးခြိမ်းခြောက်မှုရှိနေ
ပါဂျောင်မီဒီယာ ၂၁ရက်၊ဧပြီ၊၂၀၂၆။ ဖားကန့်ဒေသတွင် စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေသောကြောင့် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ၁၉ရက် နံနက်၈နာရီ၃၀မိနစ်ခန့်တွင် ဖားကန့်မြို့ဘက် စစ်ကော်မရှင်တပ်ဖွဲ့နှင့် လီဆူပြည်သူ့စစ်၊ ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကြောင်းထိုးချီတက်လာရာ KIAပူးပေါင်းတပ်ဖွဲ့မှ မှော်ဆီစာဝန်းကျင်အရောက်တွင် ခုခံတိုက်ခိုက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင

Pajau Media
Apr 211 min read


ကချင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၃ခုတွင် မိုးသက်လေပြင်း တိုက်ခိုက်နိုင်ကြောင်း မိုးဇလထုတ်ပြန်
ပါဂျောင်မီဒီယာ ၂၀ရက်၊ဧပြီ၊၂၀၂၆။ ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ထူးခြားမိုးလေဝသဖြစ်စဉ်များကို သတိပြုကြရန် မိုးဇလက ယနေ့ထုတ်ပြန်လိုက်သည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မို

Pajau Media
Apr 201 min read


မြေမြင့်ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ
ပါဂျောင်မီဒီယာ ၂၀ရက်၊ဧပြီ၊၂၀၂၆။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြေမြင့်ရပ်ကွက် နယ်မြေ (၁၀)၊ မြေမြင့်ဘုန်းကြီးကျောင်းအနီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် လမ်းဘေးတွင် သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူအမျိုးသားသည် ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာဖြင့် မြေမြင့်ဘုန်းကြီးကျောင်း အနောက်ဘက် လမ်းဘေးတွင် သေဆုံးနေကြောင်း သိရသည်။ ထိုသေဆုံးသူအမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမူကူညီရေးအသင်း

Pajau Media
Apr 201 min read


ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွား
ပါဂျောင်မီဒီယာ ၂၀ရက်၊ဧပြီ၊၂၀၂၆။ ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် KIA အမှတ်(၁၁)၊ အမှတ်(၈)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း လေယာဉ်ဗုံး အကြိမ် ၂

Pajau Media
Apr 201 min read


လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်သေဆုံးသူရှိ
ပါဂျောင်မီဒီယာ ၂၀ရက်၊ဧပြီ၊၂၀၂၆။ ဖားကန့်ဒေသတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။ ယမန်နေ့ ဧပြီ ၁၉ရက် နံနက် ၄နာရီအချိန်ခန့်ကတည်းက မလန်ဒုန်းကျေးရွာဘက် စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာချိန် လက်နက်ကြီးနှင့် သေနတ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် အသက်(၄)နှစ်အရွယ် ချင်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ထို့နောက် ၈နာရီအချိန်ခန့်တွင်လည်း စစ်ကော်မရှင်ဘက်

Pajau Media
Apr 201 min read


အပတ်စဥ်သတင်းပေါင်းချုပ်။
ပါဂျောင်မီဒီယာ ၁၈ရက်၊ ဧပြီလ၊ ၂၀၂၆ခုနှစ်။

Pajau Media
Apr 181 min read


မြစ်ကြီးနားမြို့တွင် လမ်းခရီးခက်ခဲမှုကြောင့် ဆေးဝါးပစ္စည်းများ ပြတ်လတ်နေ
ပါဂျောင်မီဒီယာ ၁၇ရက်၊ဧပြီ၊၂၀၂၆။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လမ်းခရီးခက်ခဲပြီး ကုန်တင်ခဈေးနှုန်း မြင့်တက်လာမှုကြောင့် အချို့ဆေးဝါးများ ပြတ်လတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းခရီးခက်ခဲမှုနှင့် ကုန်တင်ခဈေးမြင့်တက်မှုကြောင့် ဆေးဝါးပစ္စည်းအချို့နှင့် သက်ကြီးရွယ်အိုများ အများပိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး အသုံးပြုစားသုံးနေကြသည့် ဆီးချို၊သွေးချို ကာကွယ်ဆေးများမှာ မရှိသလောက် ပြတ်လတ်နေပြီဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ယခုကဲ့သို့ ဆေးဝါးပစ္စည်းများ ပြတ်လတ်နေခြင်းကြောင့်

Pajau Media
Apr 171 min read


ချီဖွေရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပြုပြင်မှုကြောင့် နှစ်ပတ်ကြာ မီးပြတ်မည်
ပါဂျောင်မီဒီယာ ၁၇ရက်၊ဧပြီ၊၂၀၂၆။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် မနက်ဖြန် ဧပြီလ (၁၈)ရက်နေ့မှစပြီး လကုန်ထိ လျှပ်စစ်မီး(၁၄)ရက်၊ နှစ်ပတ်ကြာ ပြတ်တောက်မည်ဖြစ်သောကြောင့် ဘတ်ထရီ ကားနှင့် ဆိုင်ကယ် မောင်းနှင်းသူများ စိုးရိမ်နေကြကြောင်း သိရသည်။ ချီဖွေငယ်ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံရှိ အမှတ်(၁) စက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးကို ၁၄ရက် ပြတ်တောက်မည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓါတ်အားပေးရုံးမှ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။ ထို့

Pajau Media
Apr 171 min read
bottom of page