top of page

KIA ပူး​​ပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများတွင် နယ်မြေတည်ငြိမ်မှု မရှိသေးသောကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

  • Writer: Pajau Media
    Pajau Media
  • Oct 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊အောက်တိုဘာ၊၂၀၂၄။



ree

ဖားကန့်၊ဆိုင်းတောင်၊ချီဖွေ၊ဆော့လော်ဒေသများကို အောက်တိုဘာ လဆန်းပိုင်းတွင် KIA ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သော်လည်း နေမြေလုံခြုံရေး အပိုင်းများတွင်စိုးရိမ်ရသည့်အတွက် စစ်ရှောင် ပြည်သူများ နေရပ်မပြန်ရဲ သေးကြောင်းသိရသည်။


လက်ရှိ သိမ်းပိုက်ထားသည့် နယ်မြေများတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ဒေသလုံခြုံရေးအပိုင်းတွင်လည်း စိုးရိမ်ရသည့်အတွက်စစ်ရှောင်ပြည်သူများ ပြန်လည်လာရောက်နေထိုင်ရန် မဖြစ်နိုင်သေးကြောင်း KIA သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှုူးကြီးနော်ဘူ ကပြောဆိုထားသည်။




ree

စစ်ကောင်စီတပ်က လက်လွတ်လိုက်သည့် နယ်မြေများကို ပြန်လည်ရရှိ​​ရေးအဆက်မပြတ် ကြိုးစားလုပ်ဆောင်နေပြီး လေယာဥ်ဖြင့် ဗုံးကြဲမှုများ အဆက်မပြတ်လုပ်​နေတာကြောင့် ပြန်လာနေမည့်စစ်ရှောင် များအတွက်လုံခြုံရေး စိုးရိမ်ရသည်ဟု သိရသည်။


ဖားကန့် -ဆိုင်းတောင် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်းနှင့် လက်ရှိတွင် ချီဖွေ ဆော့လော် ဒေခံများမှာလည်း နီးစပ်ရာ ကျေးရွာများနှင့်တောတောင် များသို့တိမ်းရှောင်ကြသလို မြစ်ကြီးနား ဘက်သို့တိမ်းရှောင်သူတွေလည်းများနေ​​ပြီး ဒေသတည်ငြိမ်သည့်အချိန်မှ အိမ်ပြန်မည်ဟု စစ်ရှောင်များက ဆိုသည်။


စက်တင်ဘာ 29 ရက်တွင် ချီဖွေမြို့ကို သိမ်းပိုက်ပြီး ဆော့လော်မြို့ကို အောက်တိုဘာ ၂ရက်နေ့တွင်ဆက်လက်သိမ်းပိုက်လိုက်ပြီးနောက် KIA ပူးပေါင်းတပ်ဖွဲ့များ ဆက်လက်ထိုးစစ်ဆက်ထိုးစစ်ဆင်လျှက်ရှိသည့် ချီဖွေ-ပန်ဝါမြို့ကြားတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page