KIA အမှတ်(၁၄) တပ်ရင်း၊ ဟူးကောင်းဒေသအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်
- Pajau Media

- Dec 27, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။

KIA အမှတ်(၂) တပ်မဟာ၊ အမှတ်(၁၄) တပ်ရင်းဒေသတွင် စစ်ကောင်စီနှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ၂၅ရက်နေ့နံနက် ၇ နာရီအချိန်ခန့်က ထိတွေ့တိိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ ဟူးကောင်းဒေသသို့ ပြီးခဲ့သည့် ဒီဇင်ဘာ၁၀ရက်နေ့ကတည်းက လေယာဥ်ဗုံးနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိိုက်ခိုက်လာသောကြောင့် တိိုက်ပွဲဖြစ်ပွားလာရာ မြေပြင်ဖြင့်လည်း ဆက်တိုက်စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် KIAမှလည်း ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိ နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် တိိုက်ပွဲပြင်းထန်နေပြီး စစ်ရေးတင်းမာနေကြသလို၊ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိခိိုက်များပြားကြောင်း သိရသည်။
တနိုင်းရွှေမှော်ဘက်လည်း လေကြောင်းပစ်ခတ်မှုများ နေ့စဥ်သတိထားနေရသောကြောင့် ပြည်သူများထွက်ပြေးတမ်းရှောင်ခဲ့ကြရပြီး၊ မြေပြင်စစ်ကြောင်းများက တိမ်းရှောင်သွားသည့် နေအိမ်များမှ ပစ္စည်းများ သိမ်းယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း- ပီလမ့်အူ




Comments