KIO ထိန်းချုပ်နယ်မြေအတွင်း ဒိတ်လွန်အစားအသောက်များ စစ်ဆေးဖျက်ဆီး
- Pajau Media

- Sep 12, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ကချင်ပြည်နယ်၊ KIOအုပ်ချုပ်ဒေသများတွင် ပြည်သူများကျန်းမာရေးအတွက် ဒိတ်လွန်အစားအသောက်များကို KIO ဌာနချုပ်မှ စစ်ဆေးရေး လုပ်ဆောင်နေကြောင်း သိရသည်။
ဒိတ်လွန်အစားအသောက် စစ်ဆေးရေးလုပ်ဆောင်ချက်များကို KIO ဌာနချုပ်အပြင် အခြား KIA ထိန်းချုပ်နယ်မြေများတွင်လည်း လုပ်ဆောင်နေကြပြီး၊ အဆိုပါစစ်ဆေးရေးလုပ်ဆောင်ချက်များကို ခြောက်လတစ်ကြိမ်ဖြင့် တစ်နှစ်လျှင်နှစ်ကြိမ် ပုံမှန် လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ဆေးချက်များကို ကျေးရွာအုပ်ချုပ်ရေးပိုင်း လူကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲဝန်ထမ်းများနှင့် စည်ပင်သာယာအဖွဲ့များ အားလုံး ပူးပေါင်းပါဝင်ကာ ဆောင်ရွက်ကြပြီး၊ ပြည်သူများကို ပညာပေးခြင်းများလည်း လုပ်ဆောင်ပေးသည်ဟု ဆိုသည်။
စစ်ဆေးချက်လုပ်ဆောင်ပြီး အစားအသောက်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အဆိုပါလုပ်ဆောင်ချက်ကို ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့တွင်လည်း အင်ဂျန်းယာန်မြို့နယ်မှ အမှတ်(၁)တပ်မဟာဒေသတွင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်း - ပီလမ့်အူ
Photo credit to Owner










Comments