USDP ပါတီက ကချင်ပြည်နယ် မဲဆန္ဒနယ် ၄ ခုတွင် ပြိုင်ဘက်မရှိ အနိုင်ရ
- Pajau Media

- Oct 27
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

USDP ပါတီ ဝင်ရောက်ယှဥ်ပြိုင်ထားသည့် ကချင်ပြည်နယ် မဲဆန္ဒနယ် ၄ ခုတွင် အခြားဝင်ရောက်ယှဥ်ပြိုင်သော ပြိုင်ဘက်မရှိသောကြောင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် လွှတ်တော်လောင်းများသာ အနိုင်ရရှိပြီဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်က နောင်မွန်း၊ မံစီ၊၊ ရွှေကူနှင့် ရွှေကူမြို့နယ် မဲဆန္ဒနယ် ၄ ခုမှာ USDP က ပြိုင်ဘက်မရှိကြောင်း သိရသည်။
ပြိုင်ဘက်မရှိသောကြောင့် ယှဥ်ပြိုင်စရာမလိုတော့ဘဲ အနိုင်ရရှိခဲ့သူ ပြည်သူ့လွှတ်တော်များမှာ နောင်မွန်းမှ ဦးရယ်ဒမ်းတန်၊ မံစီမှ ဦးကွမ်ဆန်း၊ ရွှေကူမှ ဦးကျော်ဝင်းတို့ဖြစ်ပြီး ပြည်နယ်လွှတ်တော် နေရာအတွက် ရွှေကူမြို့နယ်မှ ဦးအောင်နိုင်တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် မဲဆန္ဒနယ်တစ်နယ်မှ ပါဝင်ယှဥ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်တည်းဖြစ်ပြီး ပြိုင်ဘက်မရှိပါက ထိုသူကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ပြဌာန်းထားသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာထားသည်။
သတင်း- ဖရိန်း



Comments