top of page

Y-12 လေယာဉ်ဗုံးကြဲမှုကြောင့် လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ ကလေးငယ်တစ်ဦး ထိခိုက်

  • Writer: Pajau Media
    Pajau Media
  • Nov 11
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊နိုဝင်ဘာ၊၂၀၂၅။



ဖားကန့်တွင် စစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုကြောင့် လုံးခင်းကျေးရွာတွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှ သိရသည်။


“လုံးခင်းဘက်တဲ့ ဒီနေ့ ၂နာရီလောက်ထိ အသံတွေကြားနေရတုန်းပဲ၊ ကျွန်တော်တို့ ခေါင်းပေါ်ပျံဝဲနေတာ။

အဲ့လေယာဥ်နဲ့ထင်တယ်။ လေယာဥ်ဗုံးနဲ့ အမျိုးသမီးတစ်ယောက် သေဆုံးပြီး ကလေးတစ်ယောက် ဒဏ်ရာရတယ်လို့ကြားတယ်။” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောပြသည်။


စစ်ကော်စီက နေ့လည် ၁နာရီ ခွဲဝန်းကျင်တွင် Y-12 လေယာဥ်ဖြင့် ပျံဝဲကာ တောမှော်၊ ကထန်ယန်နှင့် ကံဆီးဘက်ကို အနည်းဆုံး ဗုံး(၁၀)လုံးထက်မနည်း ကြဲချသွားသည်ဟု ဆိုသည်။ အဆိုပါ Y12 လေယာဉ်ဗုံးကြဲမှုကြောင့် လုံးခင်းကျေးရွာအုပ်စု ကထန်ယန်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်တွင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင်း အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။


စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် လုံးခင်းကျေးရွာအပြင် KIAတပ်ရင်း ၆ တည်ရှိရာ နေရာများတွင်လည်း စစ်တပ်က Y12 လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


ဖားကန့်ဒေသသည် ပြီးခဲ့သည့် အောက်တိုဘာလ လလယ်ပိုင်းတွင် အနည်းငယ် ငြိမ်သက်နေသော်လည်း နိုဝင်ဘာလ ၉ရက်နေ့မှစပြီး စစ်ရေးလုပ်ရှားလာသောကြောင့် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်း တပ်ကြား ထိတွေ့တိုက်ပွဲများ တစ်ဖန်ပြန်လည်ဖြစ်ပွားလာကြောင်း သိရသည်။


စစ်ကော်မရှင်သည် ဖားကန့်ဒေသတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်တိုက် ပြန်လည်လုပ်ဆောင်လာသည်ဟု ဆိုသည်။


သတင်း - ဇော်၊ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page