top of page

ကျောက်ဂျပိုးများ ရှာဖွေရခက်ခဲလာသလို၊ ယခင်ထက် ဈေးလျော့နေ

  • Writer: Pajau Media
    Pajau Media
  • Nov 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊နိုဝင်ဘာ၊၂၀၂၅။


ကချင်ပြည်နယ် ပူတာအိုမြို့နယ်များတွင် ကျောက်ဂျပိုးရှာဖွေသည့် ကာလဖြစ်သော်လည်း စစ်ရေးအခြေအနေကြောင့် သွားလာရှာဖွေရ ခက်ခဲမှုရှိလာကြောင်း ဒေသခံပြောပြချက်အရ သိရသည်။


ယခင်နှစ်များတွင် လွတ်လပ်စွာ သွားလာရှာဖွေနိုင်သော်လည်း ယခုနှစ်အတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလှုပ်ရှားလာမှုနှင့်အတူ ထိတွေ့တိုက်ပွဲများ ရှိလာသောကြာင့် သွားလာရခက်ခဲလာသည်။


“အရင်ဒီလိုရာသီမှာဆို အေးဆေးသွားလာလို့ရတယ်။ ခုစစ်တွေဖြစ်လာတော့ ဘယ်သူမှ သိပ်မသွားရဲတော့ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။


ကျောက်ဂျပိုးကို တရုတ်လူမျိုးများက အဓိကဝယ်ယူနေကြပြီး ဆေးဖော်စပ်ရန်နှင့် ဟင်းခတ်အမွေးအကြိုင်များ ပြုလုပ်ရာတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။


သို့သော် ယခုနှစ်တွင် တရုတ်လူမျိုးများက အဝယ်နည်းလာသည့်အပြင် ယခင်က တစ်ပိဿာတွင် (၇)သိန်း (၈)သိန်းဝန်းကျင်ရှိနေသည့် ကျောက်ဂျပိုးစျေးကို ယခုနှစ်ကို တစ်ပိဿာကို (၄) သိန်းကျော်ဖြင့်သာ ဝယ်ယူနေကြောင်း သရသည်။


"အရင်နှစ်တွေကဆို တစ်ပိဿာကို ၇သိန်း ၈သိန်းဝန်းကျင်လောက်ရှိတယ်။ ဒီနှစ်က ဘာဖြစ်လို့လဲမသိဘူး။ တစ်ပိဿာကို ၄သိန်းကျော်နဲ့ပဲ ပေးဝယ်နေကြတယ်"ဟု အထက်ပါက ဆက်ပြောသည်။


လက်ရှိချိန်တွင် ရာသီဥတုနှင့် အခြားနည်းလမ်းအမျိုးမျိုးကြောင့် ကျောက်ဂျပိုးများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုရှားပါးလာနေသည်ဟု ဒေသခံများက ပြောသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page