top of page

ကျောက်အရောင်းအ၀ယ် လုပ်နေချိန် စစ်တပ်က သေနတ်လိုက်လံပစ်ခတ်ခဲ့

  • Writer: Pajau Media
    Pajau Media
  • Oct 23
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ယမန်နေ့ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီဝန်းကျင်ခန့်က မှော်စီဆာရွာကျောက်ဝိုင်းနှင့် လုံးခင်းကျောက်ဝိုင်းတို့တွင် ကျောက်ရောင်းဝယ်သူများ စည်ကားနေချိန် စစ်တပ်မှ ကားဖြင့်ဝင်ရောက်လာပြီး သေနတ်လိုက်လံပစ်ခတ်ခဲ့ကြောင်း ဖားကန့်ဒေသခံများ ပြောပြချက်အရ သိရသည်။


"ကျောက်ရောင်းဝယ်သူတွေများတဲ့ချိန်ကို စစ်တပ်က ဒီတိုင်း ဝင်ရောက်လာတာ။ သေနတ်တွေနဲ့ တွေ့ကရလာပစ်တော့ အော်တဲ့သူကအော် ပြေးတဲ့သူကပြေး ဖြစ်ကုန်ကြတာ" ဟု ဒေသခံတစ်ဦးကပြောသည်။


သေနတ် ပစ်ခတ်မှုအသံများကြောင့် ဒေသခံပြည်သူများ စိုးရိမ် တုန်လှုပ်ခဲ့​ကြကြောင်း နှင့် နောက်ထပ် ဖြစ်လာမည့် စစ်တပ်၏ လုပ်ရပ်များကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။


ယခုရက်ပိုင်း ဖားကန့်ဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်များ ဖားကန့်ဒေသဖက်ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။


သတင်း- ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page