top of page

ကာကင်းစခန်းနှစ်ခုသိမ်းပြီးနောက် ခေါင်လန်ဖူးဒေသဘက် စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေ

  • Writer: Pajau Media
    Pajau Media
  • Oct 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့ရှိ စစ်တပ်နှင့်ပြည်သူ့စစ်တပ်၏ ကာကင်းစခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်း ဖြည့်နေပြီး ဗျူဟာမှူးထိုင်ဖို့အထိ စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။


ကချင်လွှတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များသည် ခေါင်လန်ဖူးမြို့နယ် ငေါ်ဂျာလရွာက စစ်ကောင်စီ၊ ပြည်သူ့စစ် စခန်းနှင့် နမ်ချိန်းရွာက စစ်ကောင်စီ၊ ပြည်သူ့ စစ်စခန်း ၂ခုကို ယခုရက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ထို့ကြောင့် စစ်ကောင်စီတပ်က မြန်မာပြည်အောက်ပိုင်းကနေ ပူတာအိုမြို့ရှိ ခ.လ.ရ ၄၆ တပ်သို့ စစ်အင်အားနှင့် စစ်လက်နက်များအလုံးအရင်းဖြည့်နေကြောင်း သိရသည်။


ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းဖွဲ့များသည် ယခု အောက်တိုဘာလအတွင်း ခေါင်းလန်ဖူးမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်စခန်း စုစုပေါင်း ၄ခုအထိ သိမ်းပိုက်နိုင်ခဲ့သည်။


ထို့အပြင် စစ်ကောင်စီတပ်များသည် ပူတာအို အပါအဝင် ဖားကန့်၊ ဗန်းမော်နှင့် ကချင်အစပ် ဗန်းမောက်နေရာများတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း- ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page