top of page

ကေအိုင်အို အုပ်ချုပ်နယ်မြေအတွင်း ကေအိုင်အိုအစိုးရ လူဝင်မှုကြည့်ကြပ်ရေးရုံးမှ အိမ်ထောင်စု၊ မှတ်ပုံတင်များ ပြုလုပ်ပေးနေ

  • Writer: Pajau Media
    Pajau Media
  • Nov 17
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ နိုဝင်ဘာလ၊ ၂၀၂၅။


ree

ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ကေအိုင်အိုအစိုးရ လူဝင်မှု ကြည့်ကြပ်ရေးရုံးမှ ဦးစီးပြီး အိမ်ထောင်စုစားရင်း၊ မှတ်ပုံတင်များ ကို ပြုလုပ်ပေးနေရာ နိုဝင်ဘာလ ၅ ရက်ကနေ ၁၃ ရက်အထိ ကေအိုင်အို အနောက်ပိုင်းတိုင်းအတွင်းရှိ ပြည်သူများကို အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များ ကို ပြုလုပ်ပေးကြောင်းသိရသည်။


အခုလို ပြုလုပ်ပေးခြင်းသည် ကေအိုင်အိုက အစိုးရတစ်ရပ်ဖြစ်သည့်အတိုင်း ကေအိုင်အိုအစိုးရလက်အောက်ရှိပြည်သူလူထုကို အစိုးရလုပ်ငန်းအစဥ်အလာအတိုင်း ရှိသင့်သည့် အချက်အလက်များကို တရားဝင်လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။


အေအိုင်အိုအုပ်ချုပ်သည့် အခြားတပ်မဟာဒေသများတွင်လည်း လူဝင်မှုကြည့်ကြပ်ရေးရုံးဖွင့်လှစ်ခြင်း၊ လူဝင်မှုကြည့်ကြပ်ရေးနဲ့ ပတ်သက်ပြီး အသိညာပေးခြင်းများ လုပ်ဆောင်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လာခြင်းဖြစ်ကြောင်းလည်းသိရသည်။ ကေအိုင်အို အနောက်ပိုင်းတိုင်း အုပ်ချုပ်နယ်မြေအတွင်း လူဝင်မှုကြည့်ကြပ်ရေးရုံကို လွန်ခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် ရုံးစိုက်ဖွင့်လှစ်နိုင်ထားပြီ ဖြစ်ကြောင်းသိရသည်။


ထို့အပြင် ၂၀၂၄ မတ်လမှ စတင်၍ ကေအိုအေ ထိုးစစ်နောက်ပိုင်း ကေအိုင်အေသိမ်းပိုက်ရရှိထားသည့် မြစ်ကြီးနား ၊ ဗန်းမော်လမ်းတစ်လျှောက် ကျေးရွာများတွင်လည်း ကေအိုင်အို အုပ်ချူပ်မှု ယန္တယားလည်ပတ်ပြီး နောက်ပိုင်း နေရပ်ပြန်ပြည်သူများကို အိမ်ထောင်စု စာရင်းများ ပြုလုပ်ပေးကြောင်း ‌ဒေသခံများထံမှ သိရပါသည်။


သတင်း- ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page