ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စေလွှတ်သော စေတနာ့ဝန်ထမ်းဆရာမ (၂)ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု (၁၁)နှစ်ရှိပြီ
- Pajau Media

- 6 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ဇန္နဝါရီ၊၂၀၂၆။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စေလွှတ်သော စေတနာ့ဝန်ထမ်းဆရာမ (၂) ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုမှာ ယနေ့တွင် (၁၁)နှစ်ထိ ရှိနေပြီဖြစ်သော်လည်း မှန်ကန်သည့် တရားမျှတမှု မရရှိသေးကြောင်း သိရသည်။
ဆရာမ မရန်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်နန်စင် နှစ်ဦးတို့မှာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဇန္နဝါရီ ၁၉ရက်နေ့ နံနက်၁နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာတွင် ကျောက်မဲအခြေစိုက် တပ်ရင်း ခမရ(၅၀၃)တပ်သားများမှ မုဒိန်းကျင့်သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။
ဆရာမတို့နှစ်ဦး မတရားအနိုင်ကျင့် သတ်ဖြတ်ခံရမှုမှာ ယနေ့(၁၁)နှစ် ကြာမြင့်သည်ထိ တရားမျှတမှု မရရှိသေးပါဘူး။ ယနေ့အချိန်ထိ တရားမျှတမှု မရရှိသေးဘဲ အမှန်တရားမှာ ဖုံးကွယ်ခံထားရဆဲ ဖြစ်သည်။
KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကလည်း"ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး KHRW ဆက်လက် ရပ်တည်မည်။" ဟု ပြောဆိုထားသည်။
အသက်၂၀နှစ်အရွယ် ဆရာမ မရန်လုရာနှင့် အသက် ၂၁နှစ်အရွယ် ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ မတရားအနိုင်ကျင့်ခံရသော အမှန်တရား ရရှိအောင် သက်ဆိုင်သည့် တာဝန်ရှိသူများက ဆက်လုပ် လုပ်ဆောင်နေဆဲလည်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များတွင် ဆရာမတို့နှစ်ဦး၏ ပြန်လည်အောက်မေ့သတိရ ဝတ်ပြုဆုဆောင်းခြင်း အစီအစဉ်များကို KBCဌာနချုပ်မှ ဦးစီးလျက် ပြည်သူအများအပြားနှင့် နှစ်စဉ်ပြုလုပ်လေ့ရှိသော်လည်း ၂၀၂၃ခုနှစ်နောက်ပိုင်းတွင် စစ်ရေး၊ နိုင်ငံရေးအမျိုးမျိုးကြောင့် မပြုလုပ်နိုင်တော့သည့် အခြေအနေလည်း ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments