ကချင်ပြည်နယ်တွင် ခရစ်စမတ်ပွဲ စောစီးစွာကျင်းပရန် စစ်ကောင်စီထုတ်ပြန်ထား
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ဒီဇင်ဘာ၊၂၀၂၅။

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲပြုလုပ်ကျင်းပမည့် နေရာများတွင် ရွှေးကောက်ပွဲမတိုင်မီ ခရစ္စမတ်ပွဲကို စောစီးစွာကျင်းပကြရန် စစ်ကောင်စီတပ်မှ အမိန့်ထုတ်ပြန်ထားကြောင်း အစိုးရဝန်ထမ်းများထံမှ သိရသည်။
ခရစ္စစမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်နေ့မတိုင်ခင် ၂၃ ရက်နေ့ နောက်ဆုံးထားကာ အပြီးကျင်းပရန် ကချင်ပြည်နယ်ရှိ ဌာနဆိုင်ရာရုံများတွင် စစ်တပ်မှ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
" ခရစ္စမတ်ပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့မတိုင်ခင်မှာ ၂၃ နောက်ဆုံးထားပြီး လုပ်ဖို့ပြောထားတယ် " ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကချင်ပြည်နယ်မှ မြို့နယ် ၅ မြို့နယ်ပါဝင်နေပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။
ကချင်ပြည်နယ်တွင် ပါဝင်ယှဥ်ပြိုင်မည့်ပါတီများမှာ ကြံ့ခိုင်ရေးပါတီ(USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည) ပါတီတို့အပြင် တိုင်းရင်းသားပါတီများနှင့် ရှမ်းတိုင်းရင်းသားပါတီများလည်း ပါဝင်နေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments