ကချင်ပြည်နယ်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲမလုပ်နိုင်သည့် နေရာတွေကို ဗုံးကျဲတိုက်ခိုက်
- Pajau Media

- Dec 30, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲမလုပ်နိုင်သည့် နေရာတွေကို ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ရွေးကောင်ပွဲကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့တွေပြင် ရွေးကောက်ပွဲမလုပ်နိုင်သည့်နေရာများကို လေးကြောင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ရွေးကောက်ပွဲမလုပ်နိုင်သည့် အင်ဂျန်းယန်မြို့နယ်ထဲက တန်ဘောင်ရွာကို ညအချိန် ၉ နာရီဝန်းကျင်လောက်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်နှစ်လုံးနှင့် ပြည်သူ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကော်မရှင်ဗုံးကျဲခဲ့သောနေရာသည် မြစ်ဆုံနှင့် (၅) မိုင်လောက်သာကွာဝေးသောရွာဖြစ်ပြီး ရွာသားတချို့နှင့် ရွှေလုပ်သားများသာနေထိုင်သောနေရာဖြစ်ကြောင်းသိရသည်။
ထို့ပြင် ထိုနေ့တွေပြင် ဗန်းမော်မြို့နယ် ကန်တော်ကြီးရွာဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်၏ လေကြောင်းရမ်းတမ်းပစ်ခတ်မှုကြောင့် နေအိမ်နှင့် ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း စစ်ကော်မရှင်သည် မံမလင်းကျေးရွာ ဘောလုံးကွင်းတွင် လေကြောင်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သတင်း - ဇော်




Comments