top of page

ကချင်ပြည်နယ်တွင်း တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများ

  • Writer: Pajau Media
    Pajau Media
  • Dec 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။


ကချင်ပြည်နယ်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလ တစ်လတာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၄ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၇ခုအထိ ဖြစ်ပွားခဲ့သည်ဟု BNI-Myanmar Peace Monitor က ဖော်ပြထားသည်။


တိုက်ပွဲဖြစ်ပွားမှုပေါင်း ၄ကြိမ်အထိမှာ ဗန်းမော်ဒေသနှင့် ဖားကန့်ဒေသ၊ ဝိုင်းမော်ဒေသတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ပွဲကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ပေါင်း (၁၃)ဦးအထိ ရှိခဲ့သည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ အတိုင်းအတာဖြင့် တိုက်ပွဲဖြစ်ပွားမှုမှာ (၉၆)ကြိမ် ရှိခဲ့ပြီး၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၇၆)ခု၊ ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်မှာ (၅၅,၈၀၀)၊ အရပ်သားသေဆုံးမှု(၁၈၀)ဦးနှင့် အရပ်သားဒဏ်ရာရရှိမှုမှာ (၃၃၆)ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။


ဆက်လက်ပြီး ဗန်းမော်ဒေသ၊ ဝိုင်းမော်ဒေသနှင့် ဖားကန့်ဒေသများတွင် နှစ်ဖက်စစ်တပ်များ၏ ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး၊ ဆက်လက်ပြင်းထန်နေသည့် တိုက်ပွဲအတွင်း စစ်တပ်က လေယာဉ်ဗုံး၊ ဒရုန်းဗုံးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။


သတင်း -ထုဆိုင်း

Photo credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page