top of page

ကချင်ပြည်နယ်တွင် တစ်ပတ်တာအတွင်း တိုက်ပွဲ (၄၈)ကြိမ် ဖြစ်ပွားခဲ့

  • Writer: Pajau Media
    Pajau Media
  • Nov 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်အတွင်း ဝိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်ဒေသများတွင် ထိတွေ့တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်သလို အောက်တိုဘာ၂၇ရက်နေ့မှ နိုဝင်ဘာ၂ရက်နေ့ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၄၈)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဗုံး (၆၀)၊ ဒရုန်းဗုံး (၄၈)အထက်၊ လက်နက်ကြီးဖြင့် (၃၁၇)ကြိမ် ပစ်ခတ်ခဲ့ပြီး၊ တိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းဗုံးများကို အဓိကအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု KIAသတင်းဌာနက တင်ပြထားသည်။


နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပမည့်ချိန် နီးလာပြီး ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများလည်း ပိုမိုလုပ်ဆောင်လာသည့်အပြင် ဝိုင်းမော်-ဒါ့ကျန်ဘက်ကိုလည်း စစ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်ဟု ဆိုသည်။


လမ်းသွားလမ်းလာပြည်သူများ ပြောပြချက်အရ စစ်တပ်က ယခုရက်ပိုင်းအတွင်း ဒါ့ကျန်ဘက် စစ်အင်အားဖြည့်တင်းနေပြီး၊ စစ်ရေးပြင်းထန်ကာ တိုက်ပွဲဖြစ်လာနိုင်သည်ဟု ပြောဆိုကြသည်။


ထို့အပြင် ဗန်းမော်ဒေသဘက်ကိုလည်း တစ်ပတ်အတွင်း တိုက်ပွဲ(၄၄)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page