ကချင်ပြည်နယ်တွင် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ် ၂ မြို့နယ်လုံးတွင် မြို့နယ်လုံးကျွတ်နီးပါး ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ကြေညာ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅

ကချင်ပြည်နယ်တွင် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ် ၊ မြို့နယ်၂မြို့နယ်တွင် မြို့နယ်လုံးကျွတ်နီးပါး ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့သည် လက်ရှိကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ထားသည့်မြို့နယ်ဖြစ်ပြီး ထိုမြို့နယ် ၂ ခုလုံးမှာ ရွေးကောက်ပွဲကျင်းပရန် စစ်ကော်မရှင်က ကြေညာထားသည်။
စစ်ကောင်စီ၏ ဒီဇင်ဘာ ၂၈ရက်နေ့ထုတ်ပြန်ချက်တွင် မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင်ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
KIO/KIA အနေဖြင့်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း ကြေညာထားသည်။
သတင်း-ဖရိန်း




Comments