ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။

ဗန်းမော်ဒေသတွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး၊ အဆိုးဆုံးမှာ ဗန်းမော်တက္ကသိုလ်၀င်းနှင့် ခလရ ၄၇ တပ်စခန်းအနီး၀န်းကျင် ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီက လေယာဉ်ဒရုန်းဗုံးများဖြင့်အဓိကထား တိိုက်ခိိုက်နေပြီး၊ လက်နက်ပစ္စည်းများနှင့် စစ်အင်အားများ ဖြည့်တင်းနေဆဲဖြစ်သည်။
ဗန်းမော်တိုက်ပွဲမှာ ဒီဇင်ဘာ၂၅ရက်နေ့တွင် တဖန်ပြန်လည်စတင်လာခဲ့ပြီး၊ စစ်တပ်ဘက်မှ ဗိုလ်မှုးအဆင့်ရှိသူများအထိ ထိခိိုက်သေဆုံးခဲ့ရသည့်အပြင် မြစ်ကြီးနားမြို့ရှိ ရဟတ်ယာဥ်၊ တိုက်လေယာဥ်နှစ်စီးလည်း ပစ်ခတ်ဖျက်ဆီးခံခဲ့ရသည်။
ဗန်းမော်တိုက်ပွဲ တစ်နှစ်ကျော်လာပြီး KIAပူးပေါင်းတပ်ဖွဲ့များက ဗန်းမော်မြို့အား ဆက်လက်သိမ်းပိုက်နိုင်အောင် ဆက်တိုက်ထိုးစစ်ဆင်နေကြောင်း သိရသည်။
သတင်း- ပီလမ့်အူ




Comments