top of page

ကချင်ပြည်နယ် တစ်ချို့နေရာများတွင် မိုးများနိုင်ကြောင်း မိုးဇလဗေဒ သတိပေး

  • Writer: Pajau Media
    Pajau Media
  • Aug 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ သြဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့၊ နမ္မတီးမြို့နဲ့ ကာမိုင်းမြို့အနီးရှိ တောင်ပေါ်နေရာတို့တွင် မိုးရေချိန် ၈လက်မခန့်ထိ မိုးအလွန်များကာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ဩဂုတ်၂၁ရက် ညနေပိုင်းအချိန်တွင် ကြိုတင်ခန့်မှန်း ထုတ်ပြန်ထားသည်။


ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား ဧရာဝတီမြစ်ရေမှာ အတက်ဖက်သို့ ဦးတည်နေပြီး မြစ်ကြီးနား မြစ်ရေ‎စိုးရိမ်ရေအမှတ် (1200)စင်တီမီတာ သို့ရောက်ရှိရန် ‎(585)စင်တီမီတာ (၁၉)ပေကျော်ခန့် အလိုတွင် ရောက်ရှိနေသည်။


မိုးအလွန်များနိုင်ပြီး ရုတ်တရက် ရေကြီးနိုင်မည့် အခြေအနေဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနိုင်ကြရန် ကြိုတင်အသိပေးထားသည်။ ဧရာဝတီမြစ်အထက်ပိုင်းတွင် မိုးအားအသင့်တင့်ရှိနေပြီး၊ ရံဖန်ရံခါ ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းမှာ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်း ခြင်းများကြောင့် မြစ်ကြီးနားမြစ်ရေမှာ အတက်ဘက်သို့ အကြိမ်ကြိမ် ဖြစ်ပေါ်နေအုံးမည် ဖြစ်ကြောင်းလည်း သိရသည်။


ထို့ကြောင့် ဧရာဝတီ မြစ်ရိုးတလျှောက် မြစ်ကမ်းအနီး မြေနိမ့်ဒေသများနှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင်စားသောက် နေထိုင်ကြသော တောင်သူများ၊ ရေလုပ်သားများ၊ ဧရာဝတီ မြစ်ကြီးကို အမှီပြုနေထိုင် ရှာဖွေစားသောက်နေကြသော မိဘပြည်သူများအားလုံး သတိထားစေလိုကြောင်း ပညာရှင်များ သတိပေးထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page