top of page

ကချင်ပြည်နယ်မှ မြို့နယ်လေးခုအပါအဝင် မြို့နယ် (၁၂၁)ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Sep 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


စစ်ကောင်စီကပြုလုပ်ကျင်းပသွားမည့် ရွှေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ မြို့နယ်လေးခုအပါအဝင် မြို့နယ် (၁၂၁)ခုတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိကြောင်း စစ်ကောင်စီ၏ ရွှေးကောက်ပွဲကော်မရှင်အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည့် ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။


ထို့အပြင် ကချင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများတွင်လည်း ရွေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာထားသည်။


လာမည့်ဒီဇင်ဘာ (၂၈)တွင် ပြုလုပ်ကျင်းပသွားမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအိုနှင့် မိုးညှင်းမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဩဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ထားပြီးဖြစ်သည်။


ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) မဲဆန္ဒနယ် ၉ ခု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) မဲဆန္ဒနယ် ၅၆ ခု ထုတ်ပြန်ထားသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page