top of page

ကချင်ပြည်နယ်မှ ဦးခက်ထိန်နန်နှင့် ဒေါ်ဒွဲဘူတို့ ဝင်ပြိုင်မည်

  • Writer: Pajau Media
    Pajau Media
  • Oct 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်မှ လွှတ်တော်အသီးသီးအတွက် အမတ်လောင်းအမည်စာရင်းများမှာ ယမန်နေ့ အောက်တိုဘာ ၁၉ရက်နေ့က ထွက်လာခဲ့ပြီဖြစ်သည်။


ကချင်ပြည်နယ်လွှတ်တော်မှ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ စစ်ကောင်စီဝင်‌ဟောင်း ဒေါ်ဒွဲဘူနှင့် ဂွေထုပြည်သူ့စစ်ဟောင်း လဆန်အောင်ဝါ၏ဇနီး ဒေါ်ဂွန်ထန်ကော့ရှန်တို့က စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှာ မြစ်ကြီးနားပြည်နယ်လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ စစ်ကောင်စီဝင်ဟောင်း ဒေါ်ဒွဲဘူက ကချင်ပြည်နယ် အမှတ်၅ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်။ ထို့အပြင် ဂွေထုပြည်သူ့စစ်ဟောင်း လဆန်အောင်ဝါ၏ဇနီး ဒေါဂွန်ထန်‌ကော့ရှန်လည်း ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


ဦးခက်ထိန်နန်နှင့် ဒေါ်ဒွဲဘူတို့မှာ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပြီး၊ ၂၀၁၅နှင့် ၂၀၂၀ရွေးကောက်ပွဲများတွင်လည်း ဝင်ပြိုင်ခဲ့သူများ ဖြစ်ကြကာ၊ ယခု ၂၀၂၅ခုနှစ်တွင်လည်း ထပ်မံဝင်ပြိုင်မည်ဖြစ်သည်။


စစ်ကောင်စီ၏ ရွေးကောက်ပွဲအပိုင်း ၁ ကို မြို့နယ် ၁၀၂မြို့နယ်တွင် ဒီဇင်ဘာ ၂၈ရက်နေ့မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page