top of page

ကချင်ပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများကို ကျေးရွာ/ရပ်ကွက် အသီးသီးတွင် ကြေညာပြီ

  • Writer: Pajau Media
    Pajau Media
  • Oct 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများကို ကြေညာဆိုင်းဘုတ်ကပ်ကာ ထုတ်ပြန်ထားပြီဖြစ်ကြောင်း သိရသည်။


မဲဆန္ဒရှင်စာရင်းထုတ်ပြန်ချက်များကို မြစ်ကြီးနားမြို့မှ ဒူကထောင်ရပ်ကွက်၊ မြေမြင့်၊ မြို့သစ်ကြီး၊ တပ်ကုန်း စသည့်ရပ်ကွက် အသီးသီးတွင် ထုတ်ပြန်ကြေညာထားပြီး၊ အခြားမြို့များဖြစ်သည့် ပူတာအို၊ ဗန်းမော်၊ မိုးညှင်း စသည့် ဒေသများတွင်လည်း ကြေညာထားပြီဖြစ်ကြောင်း သိရသည်။


ထို့အပြင် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည့် ဗန်းမော်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကိုတော့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး၌ ကပ်ထားကြေညာထားကြောင်း သိရသည်။


မဲဆန္ဒရှင်များစာရင်းများအား စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာ(၁၃)ရက်နေ့အထိ ၁၄ရက်ကြာ ကပ်ထားကြေညာသွားမည် ဖြစ်ကြောင်းနှင့် အမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ပြီး၊ အမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရမည်ဖြစ်သည်။


မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ကြောင်းနှင့် စစ်ကော်မရှင်၏ ပထမပိုင်း အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ၂၈ရက်နေ့တွင် မြို့နယ်(၁၀၂)မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page