ကချင်ပြည်မှ မြို့နယ် ၂ မြို့နယ် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု စကမ ထုတ်ပြန်
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ ဇန္နဝါရီ၊ ၂၀၂၆။

စစ်ကော်မရှင်လက်အောက် ရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ်ရှိ မံစီမြို့နှင့် မိုးမောက် မြို့နယ်ရှိ နယ်မြေအလုံးစုံတို့ကို ရွေးကောက်ပွဲမလိုပ်နိုင်ကြောင်း ဇန္နဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မံစီမြို့နှင့် မိုးမောက်မြို့နယ်တို့ကို ရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင် ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကြေညာခဲ့သော်လည်း အပိုင်း(၃) ရွေးကောက်ပွဲနီးလာချိန် ပြောင်းလဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း(၃)တွင် ကချင်ပြည်နယ်က ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်၊ ဖားကန့်နှင့် ရွှေကူ တို့တွင် ပြုလုပ်မယ်လို့ထုတ်ပြန်ထားသည်။
သို့သော် ဗန်းမော်မြို့နယ်မှ အချို့ကျေးရွာများကိုလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့်နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။
ထို့ပြင် ရွှေဂူမြို့ကိုKIA ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ ဖားကန့်မြို့နယ်တွင်လည်း ကျေးရွာအချို့ကို KIA ဘက်ကထိန်းချုပ်ထားပြီး မကြာခဏတိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း(၃)ကို နိုင်ငံတဝန်း မြို့နယ်ပေါင်း ၆၃ မြို့နယ်ဖြင့် လာမည့် ဇန္နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားပြီးဖြစ်သည်။
သတင်း - ဇော်




Comments