ကန့်ဘလူမြို့နယ် စစ်ကြောင်းထိုးနေသောကြောင့် မြစ်ကြီးနား-မန္တလေး အတက်အဆင်းကားများ ပိတ်မိနေ
- Pajau Media

- Aug 25, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊ သြဂုတ်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် မြစ်ကြီးနား-မန္တလေး အတက်အဆင်း ခရီးသည်ကားများနှင့် ကုန်ကားများ ရာချီပိတ်မိနေကြောင်း ကားသမားများက ပြောသည်။
အတက်ကားများမှာ ဇီးကုန်းလမ်းဆုံနေရာမှစပြီး အလယ်လျှိုရွာ၊ ရေကြည်ဦးနေရာများတွင် ပိတ်မိနေပြီး အဆင်းကားများမှာ ဘောရွာ၊ လွှဲဆိပ်၊ ၁၁ပေါက်၊ အေးသာယာရွာများတွင် ပိတ်မိနေကြောင်း ကားသမားများက ပြောသည်။
သြဂုတ် ၁၆ ရက်မှစပြီး ကန့်ဘလူမြို့နယ် တောင်ဘက်မရာများတွင် စစ်ကောင်စီတပ်နှင့် စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်များက စစ်ကြောင်းထိုးကာ မီးရှို့နေခြင်းဖြစ်ပြီး၊ ယင်းစစ်ကြောင်းကြောင့် မြစ်ကြီးနား-မန္တလေး သွားလာကြသည့် ယာဥ်ပေါင်းရာချီ ရက်အတန်ကြာ ပိတ်မိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်များမှာ ကန့်ဘလူမြို့နယ် တောင်ဘက်ရှိ ကျေးရွာ ၅ရွာအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသည့်အပြင် ဖားကန့်ဒေသဘက်ကိုလည်း စစ်အင်အားဖြည့်တင်းကာ ဆက်တိုက်တိုက်ခိုက်နေကြောင်း သိရသည်။
သတင်း - ဖရိန်း




Comments