top of page

ကသာမြို့တွင်း စစ်ကောင်စီမှ လေယာဥ်ဗုံး မကြာခဏ ပစ်ခတ်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 3
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ဇန္န၀ါရီ၊၂၀၂၅။



ကချင်-စစ်ကိိုင်းအစပ် ကသာမြိို့တွင် လက်ရှိအချိန်ထိ တိိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လေယာဥ်ဗုံးလည်း ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။


ကသာမြို့မှ ထွက်ပြေးလာသူ စစ်ရှောင်တစ်ဦးက "ကသာဒေသခံတွေက အကုန်နီးပါး ပြေးကြပြီ။ ၀ရုန်းသုန်းကားပြေးကြတာ၊ လေယာဥ်ပစ်တာက ဆက်တိုက်ကိုပစ်နေတာ။ ပြည်သူတွေကို သတိပေးတာမရှိ ရုတ်တရက်ဖြစ်လာတော့ ဘာပစ္စည်းမှ မယူလိိုက်ရဘူး။ အကုန်ပစ်ထားခဲ့တယ်။" ဟု ပြောပြသည်။


လက်ရှိ ကသာဒေသတွင် ခမရ (၃၀၉) အပြင် အမှတ်၁ရဲစခန်း၊ အမှတ်၂ရဲစခန်း၊ ကသာထောင်နှင့် နေအိမ်အချို့များတွင် နေရာယူထားကြကြောင်း သိရသည်။


ဇန္န၀ါရီ ၂ ရက်နေ့တွင်လည်း ကသာရပ်ကွက် ၅ တွင် လေယာဥ်ဗုံး ပစ်ချခဲ့သောကြောင့် ပြည်သူ့နေအိမ် မီးလောင်ပျက်စီးခဲ့ရပြီး၊ ကသာအထက်တန်းကျောင်းလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။


"ပြည်သူတွေက ခက်ခဲနေကြတယ်။ အများစုက နဘားအထက်ဘက်ကို ပြေးကြတယ်။ ပိုက်ဆံမရှိသူတွေက အများအပြားပဲ။ တချို့က မန္တလေးဘက် ပြေးကြတယ်။" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။


စစ်တပ်က မြေပြင်မှ ၀င်ရောက်တိိုက်ခိုက်ရန် ခက်ခဲသောကြောင့် ၀ေဟင်မှ အားစိုက်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။


ကသာဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာ၂၆ရက်နေ့ကတည်းက စစ်ရေးတင်းမာလာပြီး၊ ရွေးကောက်ပွဲ ၂၈ ရက်နေ့တွင် ဒေသကာကွယ်တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဖြင့်တိုက်ခိုက်လာခြင်းဖြစ်သည်။


ဒီဇင်ဘာ ၃၁ ရက်နေ့မှ ကသာဒေသခံများ ထွက်ပြေးလွှတ်မြောက်လာခဲ့ပြီး မြို့တွင်းတော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်စစ်ရေးလှုပ်ရှားလာကြသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page