top of page

ကသာမြို့တွင်း တိုက်ပွဲငြိမ်သက်နေပေမယ့် စကစမှဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများလုပ်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 16
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဇန္နဝါရီ၊၂၀၂၆။


စစ်ကိုင်းဒေသမှ ကသာမြို့တွင် ဇန္နဝါရီ ၃ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခြင်း ငြိမ်သက်သွားသော်လည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် ဒရုန်းဗုံးများကြောင့် ပြည်သူများနေအိမ် မီးလောင်ပျက်စီးမှုများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီက ဇန္နဝါရီ၁၄ရက်နေ့က ဒရုန်းဗုံး၊ လက်နက်ကြီး (၁၀)ကြိမ်ထိ ပစ်ခတ်သောကြောင့် နေအိမ် ၁၀အိမ်ထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီး၊ ပြည်သူများ အသက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။


တိုက်ပွဲစတင်ဖြစ်ပွားလာချိန်ကတည်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး၊ ငွေကြေးမတတ်နိုင်သောကြောင့် ဘယ်မှမသွားဘဲ ရှိနေသူများလည်း ရှိနေကြောင်း သိရသည်။


ထွက်ပြေးလာသူများလည်း အသက်လွှတ်ရုံသာ ထွက်ပြေးလာသောကြောင့် လက်ရှိ ကသာစစ်ရှောင်များမှာ အဘက်ဘက်မှ ခက်ခဲနေကြကြောင်း စစ်ရှောင်တစ်ဦးက ပြောပြသည်။


“ကိုယ့်ပစ္စည်း တန်ဖိုးရှိတာတွေလဲ အကုန်ထားခဲ့ရတာ။ ပြန်လာရင်က အရင်တိုင်းရှိနေဖို့ မသေချာတော့ဘူး။ သူခိုးတွေ သောင်းကျန်းနေတယ်လို့လည်း ကြားတယ်။ ပြန်ဖို့လည်း မလွယ်ဘူး။ ခုထိ ဗုံးတွေ လက်နက်ကြီးတွေ ပစ်ခတ်နေဆဲဘဲ။ ခက်ခဲသွားပြီ။” ဟု ပြောသည်။


ကသာဒေသခံများမှာ ကိုယ်ထူကိုယ်ထ မိမိလုံခြုံသည့်နေရာများတွင် တိမ်းရှောင်ခိုလှုံနေကြပြီး၊ အိမ်သုံးပစ္စည်းများ၊ အစားအ‌သောက်များနှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေကြသောကြောင့် အကူအညီများ လိုအပ်နေကြကြောင်း သိရသည်။


ကသာဒေသတိုက်ပွဲမှာ ပြီးခဲ့သည့် ဒီဇင်ဘာ၂၈ရက်နေ့ကစတင်လာခဲ့တာဖြစ်ပြီး ဇန္နဝါရီ ၃ရက်နေ့တွင် အနည်းငယ်ငြိမ်နေသော်လည်း အမျိုးမျိုးပစ်ခတ်တိုက်ခိုက်မှုများ စစ်ကောင်စီက လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page