top of page

ခေါင်လန်ဖူးဒေသဘက် စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားနေ

  • Writer: Pajau Media
    Pajau Media
  • Nov 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


KIAအမှတ်(၇)တပ်မဟာ၊ ခေါင်လန်ဖူးဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်အင်အားတိုးကာ စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။


ခေါင်လန်ဖူးဒေသမှ ပြည်သူ့စစ်တပ်စခန်း (၂)နေရာကို KIAပူးပေါင်းတပ်ဖွဲ့များ အောက်တိုဘာ၂၈ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များက စစ်အင်အားအလုံးအရင်းဖြင့် နေ့စဉ်စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့များမှာ ပူတာအို ခလရ(၄၆)တပ်ဘက်ကို စစ်အင်အား၊ လက်နက်ပစ္စည်းအင်အားနှင့် အစားအသောက်များကို သယ်ယူပို့ဆောင်နေကြသလို စစ်ရေးလှုပ်ရှားမှုများလည်း ရှိနေသည်ဟု ဆိုသည်။


‌အောက်တိုဘာလအတွင်း KIAပူးပေါင်းတပ်ဖွဲ့မှ ခေါင်လန်ဖူးဒေသမှ ပြည်သူ့စစ် စစ်တပ်စခန်း(၄)နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် စစ်တပ်ကည်း ပူတာအိုဒေသဘက်ကို စစ်အင်အားတိုးကာ စစ်ကြောင်းထိုး လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း




Comments


Pajau Media

Thanks for subscribing!

bottom of page