top of page

ချီဖွေမြို့နယ်မှ ကန့်သတ်ထားသည့် နယ်မြေအတွင်း ရွှေမတူးဖော်ရန် KIAတားမြစ်

  • Writer: Pajau Media
    Pajau Media
  • Oct 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြည်သူများကန့်သတ်ထားသည့် နယ်မြေအတွင်း ရွှေတူးဖော်ခြင်းလုပ်ငန်းများ မပြုလုပ်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIA/KIO အစိုးရကလည်း တားမြစ်လိုက်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


"ရွှေတူးဖော်မှုကြောင့် တောင်ပြိုတာ၊ ကားလမ်းတွေ ပျက်စီးတာတွေ ရေသန့်မရရှိတာတွေ အများကြီးရှိတယ်။ အာ့တာတွေကိုကာကွယ်ဖို့ ကန့်သတ်ထားတာ" ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။


ရွှေတူးဖော်မှုကြောင့် ဖြစ်ပေါ်လာမည့်အအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်နှင့် ရေလမ်း၊ ကားလမ်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကန့်သတ်ပိတ်ပင် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီလက်ထက် ချီဖွေမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်စားသောက်သူများသာမက စက်ယန္တရားကြီးများ အသုံးပြုကာ တူးဖော်နေကြသည့် လုပ်ငန်းရှင်များထိ ရှိခဲ့သည်ဟု ဆိုသည်။


ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ချီဖွေမြို့နယ်အပါအဝင် ဦးဇခုန်တိန့်ယိမ်းအဖွဲ့ ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ(၁) နယ်မြေတစ်ခုလုံးကို KIAက သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page