စက်တင်ဘာလအတွင်း ကလေးငယ်(၆)ဦးအပါအဝင် ပြည်သူ(၁၉)ဦး သေဆုံး
- Pajau Media

- Oct 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး တိုက်ခိုက်နေမှုကြောင့် စက်တင်ဘာလ တစ်လအတွင်း ကလေးငယ် ၆ ဦးအပါအဝင် ဒေသခံပြည်သူ အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Kachin Human Rights Watch (KHRW) ကထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ၂၀၂၅ခုနှစ် စက်တင်ဘာလ တစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုလည်း ပိုမိုများလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူပြီးနောက် နိုင်ငံတစ်ဝှမ်း လူထုအပေါ် အပြင်းအထန် တိုက်ခိုက်ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုများသည်လည်း နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်နေသလို ၄င်းချိုးဖောက်မှုသည် စစ်ရာဇဝတ်မှုလည်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့သို့ စစ်ကောင်စီတပ်များက ကချင်ပြည်နယ်တွင်း လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင် နေ့စဥ်မပြတ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများထိပါ မြေပြင်ထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။
သတင်း- ဖရိန်း
Photo credit to KHRW




Comments