top of page

စက်တင်ဘာလအတွင်း ဖားကန့်မြို့က ထိခိုက်သေဆုံးမှုနှင့် မတရားဖမ်းဆီးခဲ့ရမှု

  • Writer: Pajau Media
    Pajau Media
  • 1 day ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ree

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာလအတွင်း စစ်ကော်မရှင်၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဗုံးကျဲချခြင်း၊ သေနတ်ပစ်ခတ်ခြင်းနှင့် မတရားဖမ်းဆီးခံရခြင်းတို့ကြောင့် ထိခိုက်သေဆုံး နစ်နာသူ အရပ်သားပြည်သူ စုစုပေါင်း(၅၉)ဦးထိ ရှိခဲ့ပြီဖြစ်သည်။


စစ်တပ်ကြောင့် သေဆုံးသူ(၁၈)ဦး၊ ထိခိုက်ဒါဏ်ရာရသူ (၂၈)ဦး၊ မတရားဖမ်းဆီးခံရသူ(၁၃)ဦး ရှိခဲ့သည့် အပြင် စက်တင်ဘာ၂၃ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူအရေအတွက်မှာ သိရှိရန် စုံစမ်းနေဆဲ ဖြစ်ကာ အဆိုပါ ထိခိုက်သေဆုံး နစ်နာသူ စာရင်းများကို ပါဂျောင်မီဒီယာမှ ရရှိသည့် သတင်းအချက်အလက်များဖြင့် စုစည်းတင်ပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် မြေပြင်နှင့် အနည်းငယ် ကွားခြားမှု ရှိနိုင်သည်။


စက်တင်ဘာလဆန်း ၁ရက်။ ။ သေနတ်ပစ်ခတ်ခံရမှုကြောင့် အမျိုးသား(၁)ဦး သေဆုံး၊ နောက်ထပ်(၃)ဦးမှာ လက်နက်ကြီးကျပြီး သေဆုံးခဲ့ရကာ (၄)ဦးမှာ မတရားဖမ်းဆီးခံခဲ့ရသည်။

စက်တင်ဘာ ၂ရက်။ ။ အမျိုးသား(၁)ဦး သေနတ်ပစ်ခတ်ခံရသည်။

စက်တင်ဘာ ၅ရက်။ ။ အမျိုးသား(၄)ဦး လူသားဒိုင်းလုပ်ရန် ဖမ်းဆီးခံရသည်။

စက်တင်ဘာ ၆ရက်။ ။ တိုက်ပွဲမှပစ်ခတ်သည့် ကျည်ဆံကြောင့် ကလေး(၂)ဦးနှင့် သံဃာတော်(၁)ပါး ဒဏ်ရာရခဲ့သလို လက်နက်ကြီးစမှန်သောကြောင့်လည်း ကလေးငယ်(၂)ဦး ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၇ရက်။ ။ အမျိုးသမီး(၁)ဦး သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိ၊ အမျိုးသမီး(၅)ဦး မတရားဖမ်းဆီးခံရသည်။

စက်တင်ဘာ ၉ရက်။ ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ(၁၁)ဦး ဒဏ်ရာရရှိသည်။

စက်တင်ဘာ ၁၆ရက်။ ။ လက်နက်ကြီးကြောင့် အမျိုးသား(၁)ဦးနှင့် ကလေး(၁)ဦး ဒဏ်ရာရရှိ။ သေနတ်ပစ်ခတ်ခံရမှုကြောင့် အမျိုးသား(၁)ဦး သေဆုံးသည်။

စက်တင်ဘာ ၁၇ရက်။ ။ ကလေး(၁)ဦး လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးပြီး၊ ကလေး(၂)ဦး၊ လူကြီး(၁)ဦး ဒဏ်ရာရ။ သေနတ်ဖြင့် အမျိုးသား(၁)ဦး သေဆုံးသည်။

စက်တင်ဘာ ၁၉ရက်။ ။ အမျိုးသား(၁)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၊ လက်နက်ကြီးကြောင့် အမျိုးသား(၁)ဦး သေဆုံး၊ ဒရုန်းဗုံးကြောင့် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁)ဦး သေဆုံးသည်။

စက်တင်ဘာ ၂၀ရက်။ ။ လက်နက်ကြီးကြောင့် ပြည်သူ(၁)ဦး ဒဏ်ရာရသည်။

စက်တင်ဘာ ၂၂ရက်။ ။ ဒရုန်းဗုံးကျပြီး သားအဖ(၂)ဦး သေဆုံးသည်။

စက်တင်ဘာ ၂၃ရက်။ ။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပြည်သူ(၄)ဦး သေဆုံး၊ (၁)ဦး ဒဏ်ရာရ။ မတရားဖမ်းဆီးခံရမှုရှိသော်လည်း အတိအကျမသိရသေးဘဲ စုံစမ်းနေဆဲ။

စက်တင်ဘာ ၂၄ရက်။ ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ(၄)ဦး ဒဏ်ရာရသည်။


စက်တင်ဘာ ၂၀ရက်နေ့တွင် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်နှစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးနေသည့် အမျိုးသား(၂)ဦး ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး၊ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်သွားသည်ကို မသိရကြောင်း သိရသည်။


စစ်ကောင်စီက စက်တင်ဘာ(၂)ရက်နေ့မှစ၍ စစ်ရေးအခြေအနေ တင်းမာလာနိုင်သောကြောင့် ဖားကန့်မြို့တွင်းရှိ အစိုးရစာသင်ကျောင်းများကိုလည်း ပိတ်ပင်ထားရန် ထုတ်ပြန်ခဲ့သည်။


သတင်းစုစည်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page