စက်တင်ဘာလအတွင်း လူ (၁၉)ဦးသေဆုံးပြီး၊ (၁၈)ဦး ဒဏ်ရာရ
- Pajau Media

- Oct 2, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊အောက်တိုဘာ၊၂၀၂၅။

အာဏာသိမ်းစစ်ကောင်စီက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး ဒေသခံပြည်သူလူထုအပေါ် တိုက်ခိုက်ခဲ့သည့်အတွက် ကချင်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ကလေးငယ် (၆)ဦးအပါအဝင် အနည်းဆုံး လူ(၁၉)ဦး သေဆုံးခဲ့ပြီး၊ (၁၈)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kachin Human Rights watch-KHRWက ထုတ်ပြန်ထားသည်။
စက်တင်ဘာလအတွင်း စစ်ကောင်စီက ဝိုင်းမော်၊ ဆော့လော်နှင့် ဖားကန့်အပါအဝင် မြို့နယ်များတွင် ဂျက်လေယာဉ်၊ ဒရုန်းများနှင့် လက်နက်ကြီးများကို အသုံးပြုကာ ပြည်သူလူထုအပေါ် ဆက်လက်တိုက်ခိုက်နေခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းကန့်ကွက်တုံ့ပြန်ရန် တိုက်တွန်းလိုပြီး၊ စစ်ကောင်စီအား လေယာဉ်ဆီ၊ လက်နက်နှင့် စစ်ပစ္စည်းများ မဝယ်ယူနိုင်အောင် နိုင်ငံတကာ ပိတ်ဆို့မှုများနှင့် တင်းကြပ်စွာ ထိန်းချုပ်မှုများ ချမှတ်ရန် လိုအပ်ကြောင်း တင်ပြထားသည်။
သေဆုံးသူ၊ ဒဏ်ရာရသူများအတွက် အရေးပေါ်ဆေးကုသမှုများ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ အထူးသဖြင့် ကလေးငယ်များအတွက် လုံခြုံစွာ နေထိုင်သင်ယူနိုင်သည့် ပတ်ဝန်းကျင် ထူထောင်ပေးမှုများ၊ ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုများကို အစောပိုင်းသတိပေးနိုင်သည့် စနစ်များ တည်ဆောက်ပေးရန်၊ လုံခြုံစွာ ဝန်းကျင်ထဲသို့ ထွက်ပြေးနိုင်သည့် အခြေခံအဆောက်အအုံများ ဖန်တီးရန်နှင့် စစ်ရှောင်ပြည်သူများ ပိုမိုများလာသည့်အတွက် နိုင်ငံတကာအကူအညီများ ပံ့ပိုးကူညီရန် အရေးတကြီးလိုအပ်ကြောင်း ထပ်မံဖော်ပြထားသည်။
သတင်း - ထုဆိုင်း




Comments