top of page

စက်တင်ဘာလအတွင်း အမျိုးသမီး၊ (၄၇)ဦး သေဆုံး၊ (၅၇)ဦး ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Oct 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


စက်တင်ဘာလတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၄၇)ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ထုတ်ပြန်ထားသည်။


စစ်ကောင်စီက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်ကာ (၅)နှစ်နီးပါး ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်ဟု ဆိုသည်။ ထို့အပြင် သေဆုံးမှုများနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူ (၅၇)ဦးအထိလည်း ရှိခဲ့သည်။


အမျိုးသမီးများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ(၃၆)ဦး၊ ဒဏ်ရာရသူ(၃၂)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ(၅)ဦး၊ ဒဏ်ရာရသူ(၉)ဦး၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ(၄)ဦး၊ ကျည်ထိမှန်မှုကြောင့် သေဆုံးသူ(၁)ဦး၊ မြေမြုပ်မှိုင်းကြောင့် ဒဏ်ရာရသူ(၁)ဦးနှင့် ပဍိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ(၁)ဦး၊ ဒဏ်ရာရသူ(၁၅)ဦးတို့ ဖြစ်သည်။ အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး(၄၇)ဦးထဲမှ (၃)ဦးမှာ အသက်(၁၈)နှစ်အောက် ဖြစ်ကြပြီး၊ အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးလည်း ပါဝင်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လမှာတော့ အမျိုးသမီးသေဆုံးသူ (၇၃)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၈၀)ဦး ရှိခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page