စစ်ကိုင်း-ကချင်အစပ် ကသာမြို့တွင် တိုက်ပွဲပြင်းထန်နေဆဲ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက် မတ်လ ၂၀၂၆။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ ကသာမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၉ရက်နေ့မှ ယနေ့မတ်လ၂၃ရက်နေ့ထိ ကသာမြို့အခြေစိုက် ခမရ (၃၀၉) တပ်ရင်းဝန်းကျင်နှင့် သဖန်းကိုင်းကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီသည် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ခမရ (၃၀၉) တပ်ရင်းအနီးနေရာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နံနက်ပိုင်းတွင် ကသာမြို့ပေါ်ရှိ လေးထပ်ကျောင်း (ဘုန်းကြီးကျောင်း)နှင့် သံဃာတော် တစ်ပါးအပါအဝင် အရပ်သားပြည်သူ ၂၀ဦးထက်မနည်း ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments