top of page

စစ်ကောင်စီက ကချင်ပြည်နယ်အတွင်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Oct 28
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

စစ်ကောင်စီက ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်အပြင် အခြားဒေသများတွင်လည်း လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


ပြီးခဲ့သည့် အပတ်တွင်လည်း ကချင်ပြည်နယ်တွင်း ထိတွေ့တိုက်ပွဲ (၄၂)ကြိမ်ထိ ဖြစ်ပွားခဲ့သလို၊ တိုက်ပွဲအတွင်း လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းဗုံးများ ဆက်တိုက်ပစ်ခတ်ကူခဲ့ပြီး၊ တစ်ပတ်အတွင်း လေယာဉ်ဗုံး (၆၆)ကြိမ်၊ ဒရုန်းဗုံး (၅၄)ကြိမ်နှင့် လက်နက်ကြီးဖြင့် ( ၅၁၄)ကြိမ် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း KIOသတင်းဌာနက ဖော်ပြထားသည်။


ဗန်းမော်စစ်မျက်နာဘက်တွင် ဆက်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ စစ်ကြောင်းထိုး လှုပ်ရှားမှုကြောင့် တစ်ပတ်အတွင်း တိုက်ပွဲ (၂၆)ကြိမ်၊ ဝိုင်းမော်စစ်မျက်နာဘက်တွင် ခုခံတိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဝိုင်းမော်၊ ဗန်းမော်ဒေသဘက်တွင် မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားကာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည့်ချိန် နီးလာသည့်အလျောက် ကချင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေများထိ လေကြောင်းတိုက်ခိုက်မှုလာသည်။


KIA အမှတ်(၁)တပ်မဟာ၊ ပူတာအို မချမ်းဘော့ဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာ၂၆ရက်နေ့က လေယာဉ်ဗုံးဖြင့် ၈ကြိမ်၊ အမှတ်(၇)တပ်ရင်းဒေသတွင် လေယာဉ်ဗုံး (၃၀)ကြိမ်၊ အင်ဂျန်းယန်ဒေသတွင် လေယာဉ်ဗုံး (၆)ကြိမ် လာရောက်ပစ်ချခဲ့သေးသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page