စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်း တစ်လအတွင်း ပြည်သူတစ်ရာကျော် သေဆုံး
- Pajau Media

- Sep 3, 2025
- 1 min read
Updated: Sep 4, 2025
ပါဂျောင်မီဒီယာ
၃ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

နိုင်ငံတစ်ဝန်း ဩဂုတ်တစ်လတာ ကာလအတွင်း စစ်ကောင်စီအုပ်စုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၃၉)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးစားရင်းများမှာ အမည်နှင့်တကွ ရယူထားသည့် စားရင်းများဖြစ်ပြီး၊ အတည်ပြုရန် လိုအပ်ဆဲဖြစ်သည့် တစ်လအတွင်း သေဆုံးသူ(၁၈၅)ဦးလည်း ရှိနေသေးကြောင်း ထပ်မံဖော်ပြထားသည်။
သေဆုံးရသည့် အကြောင်းအရင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် (၈၅)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၂၄)ဦး၊ ပစ်ခတ်မှုကြောင့် (၁၅)ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ (၃)ဦး၊ ခေါင်းဖြတ်သတ်ဖြတ်ခံရသူ (၁)ဦးနှင့် အကြောင်းအရင်း စုံစမ်းဆဲ (၁၁)ဦး တို့ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်မှာတော့ ဩဂုတ်တစ်လတာအတွင်း အရပ်သား (၁၄)ဦးမှာ လက်နက်ထိခိုက် သေဆုံးခဲ့ပြီး၊ (၅၃)ဦးမှာ လက်နက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KHRW-Kachin Human Rights Watchက ဖော်ပြထားသည်။
အလားတူ စက်တင်ဘာလဆန်းမှ ယနေ့အချိန်ထိ စစ်ကောင်စီက လေယာဉ်ပျံဝဲခြင်း၊ ဒရုန်းလွှတ်ပျံသန်းခြင်းနှင့် လက်နက်ကြီးပစ်ခတ်သံများမှာ နေ့စဉ်ကြားနေရဆဲဖြစ်ကာ၊ မြစ်ကြီးနားမှ ဝိုင်းမော်ဒေသဘက် လက်နက်ကြီးပစ်ခတ် တိုက်ကူမှုလည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။
သတင်း - ထုဆိုင်း
Photo credit to AAPP




Comments