top of page

စစ်ကောင်စီက ဖားကန့်ဒေသဘက် ဆက်တိုက် စစ်အင်အားဖြည့်တင်းနေ

  • Writer: Pajau Media
    Pajau Media
  • Aug 23, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ ဩဂုတ်၊ ၂၀၂၅။


စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ဖားကန့်ဒေသဘက် တစ်ဖန်စစ်ကြောင်းထိုး လှုပ်ရှားကာ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


ဩဂုတ်၂၁ရက်နေ့ နံနက်၈နာရီ၃၀မိနစ်ခန့်တွင် နန့်ယားကျေးရွာမှ စစ်အင်အား (၁၀၀)ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က ဖားကန့်ဒေသဘက် စစ်အင်အားဖြည့်တင်းရန် စစ်ကြောင်းလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။


အဆိုပါစစ်ကြောင်းများမှာ ဩဂုတ်၂၀ရက်နေ့က မိုးကောင်း စကခ ၃ မှ နန့်ယားကို ရောက်ရှိလာခြင်းဖြစ်ပြီး၊ ဖားကန့်ဒေသဘက်ကို ထပ်မံစစ်အင်အားဖြည့်တင်းရန် လှုပ်ရှားလာသည့် စစ်ကြောင်းများ ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် မေလကတည်းက စစ်ကောင်စီက ဖားကန့်ဒေသဘက်ကို တစ်ဖန်စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားလာရာ၊ KIAတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲမှာ နေ့စဉ်ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်ထိလည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုမှာ အပြန်အလှန် တင်းမာနေကြဆဲ ဖြစ်သည်။


ထို့နောက် နှစ်ဖက်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့က လူနေရပ်ကွက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုလည်း မကြာခဏ ဖြစ်ပွားနေခြင်း ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page