စစ်ကောင်စီက မြို့နယ် (၆၃)မြို့နယ်ကို အရေးပေါ်အခြေအနေ ထပ်တိုးကြေညာ
- Pajau Media

- Nov 5
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်မြို့အပါအဝင် မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ရက်ထပ်တိုး ကြေညာထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ အထိ သတ်မှတ်ထားသည့် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသော မြို့နယ် ၆၃ မြို့နယ်ကို ယခုတစ်ခါမှာလည်း နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုးလိုက်ကြောင်း စစ်ကောင်စီက ကြေငြာလိုက်သည်။
နိုင်ငံ့အာဏာသုံးရပ်စလုံးကို လွှဲအပ်ခံထားရသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့်အမိန့်မှာ ဆက်လက်အတည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ထုတ်ပြန်ထားသည့် အရေးပေါ် မြို့နယ် ၆၃ မြို့နယ်တွင် ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်နှင့် ချီဖွေမြို့နယ်တို့ မြို့နယ် ၅ မြို့နယ်လည်း ပါဝင်နေသည်။
သတင်း- ဖရိန်း



Comments