top of page

စစ်ကောင်စီက လေယာဉ်ဗုံးကျဲ ပစ်ခတ်မှု ပြင်းထန်စွာ အသုံးချသောကြောင့် ပြည်သူများ သတိထားရန်လို

  • Writer: Pajau Media
    Pajau Media
  • Sep 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်၊ ဗန်းမော်၊ ဝိုင်းမော်ဒေသဘက် စစ်ကောင်စီက ထိုးစစ်ဆင်နွှဲရာ လေယာဉ်ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသောကြောင့် အရပ်သားပြည်သူများ အထူးသတိထား သွားလာရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။


ဝိုင်းမော်-လမြန်ဝန်းကျင်တွင် ယမန်နေ့ စက်တင်ဘာ၂ရက် နံနက် ၉နာရီမှ နေ့လယ် ၁၁နာရီအချိန်အတွင်း လေယာဉ်ဗုံး(၃)ကြိမ် လာရောက်ပစ်ခတ်သွားသည်။


KIAက ဝိုင်းမော်-လမြန်၊ မုတ်ကျိတ်၊ ဝါရှောင် စသည့်ကျေးရွာများမှ ကျန်ရှိနေသေးသည့် ဒေသခံများကိုလည်း အမြန်ဆုံးရွှေ့ပြောင်းရန် ပြောဆိုထားမှု ရှိသည်ဟု ဒေသခံအချို့က ပြောသည်။


“ကျန်ရှိနေသေးတဲ့ ပြည်သူတွေကို အမြန်ရွှေ့ပြောင်းဖို့ ပြောထားတာရှိတယ်။ မနေ့ကဆို နေ့လယ် ၁၂နာရီလောက်မှာ ဂါးရာယန်ဘက် လေယာဉ်ပျဲဝဲတာတွေ ရှိတယ်။ မနေ့ညကလဲ ဒရုန်းပျံဝဲတာတွေ ရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


လက်ရှိ ဝိုင်းမော်ဒေသ ထိတွေတိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး၊ စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေယာဉ်ဖြင့်လည်း ပြင်းထန် အသုံးချတိုက်ခိုက်နေသောကြောင့် ပြည်သူများ သတိထားသွားလာရမည်ဖြစ်သည်ဟု ဆိုသည်။


ဩဂုတ် ၃၁ရက်နေ့တွင်လည်း လေယာဉ်ဗုံးကြောင့် အသက်(၇)နှစ်အရွယ် သမီးငယ်တစ်ဦး အသက်သေဆုံးခဲ့ရပြီး၊ ၄ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း၊ ဝိုင်းမော်-လမြန်ဘက် စစ်ကောင်စီက ဩဂုတ်လကုန်ပိုင်းမှ စပြီး စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page