top of page

စစ်ကောင်စီ၏ ဒရုန်းဗုံး‌ကြောင့် ပြည်သူတစ်ဦး ဦးခေါင်းထိမှန်ပြီး အရေးပေါ်ပို့ဆောင်ခဲ့ရ

  • Writer: Pajau Media
    Pajau Media
  • Oct 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ဖားကန့်မြို့နယ်၊ လုံးခင်း-ကု‌ဋေမှော် ခရေစီလက်ဖက်ရည်ဆိုင်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၃ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်အတွင်း စစ်ကောင်စီ၏ ဒရုန်းဗုံးကြောင့် အရပ်သားပြည်သူတစ်ဦး ဦးခေါင်းကို မိုင်းစထိမှန်ခဲ့ကာ ဒဏ်ရာရခဲ့ကြောင်း မျက်မြင်သက်သေမှ သိရသည်။


ဒရုန်းဗုံးကြောင့် ထိခိုက်ဒါဏ်ရာရခဲ့သူမှာ အသက်(၄၀)နှစ်ခန့် အမျိုးသားဖြစ်ပြီး လုံးခင်းဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။


ယမန်နေ့တနေ့လုံး စစ်ကောင်စီမှ ဒရုန်းဗုံးအပြင်၊ (၄၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး မှော်တောင်းရွာထိပ် လမ်းမပေါ်ကျရောက်ကာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသေးကြောင်းလည်း ဒေသခံများက ပြောသည်။


ထို့အပြင် ဖားကန့်မြို့ဆန်းကြွယ်ရှိ ရတနာမိုးမြေကုမ္ပဏီမှ ဘတ်ဟိုးကားများကိုလည်း စစ်ကောင်စီဖက်မှ မီးတင်ရှို့ခဲ့သောကြောင့် ဆန်းကြွယ်တွင် ပြန်လည်ဝင်ရောက် နေထိုင်သူများကို သတိထားနေထိုင်ကြပါရန် အချင်းချင်း သတိပေးပြောဆိုနေကြကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page