စစ်ကောင်စီပြုလုပ်ကျင်းပမည့်ရွှေးကောက်ပွဲတွင် ဝင်ပြိုင်မည့်သူများ တရားမျှတစွာပြိုင်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ပြောကြား
- Pajau Media

- Dec 5, 2025
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

စစ်ကောင်စီပြုလုပ်ကျင်းပမည့်ရွှေးကောက်ပွဲတွင် ဝင်ပြိုင်မည့်သူများ တရားမျှတစွာပြိုင်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတက်ရောက်စဥ်တွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြရန် အသိပေးပြောဆိုခဲ့သည်။
တရားမျှတစွာဝင်ပြိုင်ကြရန် ပြောဆိုနေသော်လည်း တစ်ဖက်တွင် အတိုက်အခံနိုင်ငံရေးပါတီ ခေါင်းဆောင်များ ဖမ်းထားမှု၊ ဖိနှိပ်ချုပ်ချယ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီပြုလုပ်ကျင်းပသွားမည့်ရွှေးကောက်ပွဲ့ အပိုင်း ၁ ကို လာမည့်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း ၂ နဲ့ ၃ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း-ဖရိန်း




Comments