top of page

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မဲပေးခိုင်းရင် တိုင်ကြားနိုင်ဟု NUGပြော

  • Writer: Pajau Media
    Pajau Media
  • 23 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ နို၀င်ဘာ၊ ၂၀၂၅။



တစ်နိုင်ငံလုံးတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူများအား မဲပေးရန် အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုလျှင် NUGအစိုးရကို တိုင်ကြားနိုင်သည်ဟု ယမန်နေ့ နို၀င်ဘာ ၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။


အတင်းအကြပ်ခိုင်းစေကာ မဲပေးခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။


ရွေးကောက်ပွဲတွင် မဲပေးခြင်းနှင့် ကြိုတင်မဲပေးရေးတွင် အတင်းအကြပ်မဲပေးခိုင်းစေလျင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUGက ထုတ်ပြန်ထားသည်။


လက်ရှိတွင် ရွေးကောက်ပွဲ၀င်ရောက်ယှဥ်ပြိုင်မည့် အမတ်လောင်းများမှာ မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နေပြီး၊ တစ်ဖက်တွင်လည်း စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲအား ရှုံ့ချပြောဆိုခြင်း၊ လူမှုကွန်ယက်စာမျက်နာများပေါ် ကန့်ကွက်ခြင်းများ တွေ့ရှိပါက စစ်တပ်မှ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေချိန်ဖြစ်သည်။


ရွေးကောက်ပွဲနှင့်ဆိုင်သော စစ်တပ်လုပ်ဆောင်နေမှုများကို ကန့်ကွက်ရှုံ့ချသူများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေရာ၊ အနုပညာရှင်အချို့များလည်း ပါ၀င်နေပြီး၊ လက်ရှိအချိန်ထိ ဖမ်းဆီးအရေးယူခံထားရသူ (၉၀) နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page