စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အုပ်စုမှ အရပ်သားပြည်သူတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်
- Pajau Media
- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အုပ်စုမှ အရပ်သားပြည်သူတစ်ဦးကို သေနတ်နှင့်ပစ်ခတ်သဖြင့် သေဆုံးနေကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကော်မရှင်အုပ်စုက မရှီကထောင်မှာ လှုပ်ရှားမှုရှိခဲ့ပြီး မရှီကထောင် သုခဆေးခန်းနားတွင် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မရှိီကထောင်မှ ပြည်သူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အမျိုးသားလည်း ဘယ်သူဘယ်ဝါဖြစ်သည်ကိုမသိရှိရဘူးဟု ဆိုသည်။
စစ်ကော်မရှင်အုပ်စုမှာ ဖားကန့်ဒေသတွင် စစ်ကြောင်းထိုးချိန် လမ်းမှာတွေ့ရှိသမျှ အရပ်သားပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် စစ်ကော်မရှင်အုပ်စုကို ဝေးဝေးရှောင်ရန် ပြည်သူအချင်းချင်း သတင်းစကားပေးကာသတိထားပြီး နေကြရသည်ဟု ဖားကန့် ဒေသခံများက ပြောသည်။။
သတင်း - ကချင်ပြည်သား
Comments