စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို KIOအစိုးရ အသိအမှတ်မပြုကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော
- Pajau Media

- Dec 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ဒီဇင်ဘာ၊၂၀၂၅။

စစ်ကော်မရှင်က ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIO အစိုးရက အသိအမှတ်ပြုမည်မဟုတ်ဘဲ KIA ထိန်းချုပ်ဒေသများတွင်လည်း ရွေးကောက်ပွဲ ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်သည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ၂၀၂၆ ဇန္နဝါရီလ အထိ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းဖြင့် ၃ ကြိမ်ခွဲ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ဗန်းမော်တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်ကလည်း မြေပြင်ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှ လူငယ်များကို စစ်တပ်၏ အပတ်စဥ်စစ်သင်တန်းအတွက် တပ်သားသစ်စုဆောင်ရေးများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
ထို့ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO အနေဖြင့်လည်း စစ်အာဏာရှင်ကျရှုံးရေးအတွက် ဆက်လက်တိုက်ခိုက် ထိုးစစ်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုခဲ့သည်။
သတင်း-ဖရိန်း




Comments