top of page

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်း (၁၀၀၀)ကျော်ဖြင့် ယှဉ်ပြိုင်မည်

  • Writer: Pajau Media
    Pajau Media
  • Sep 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


စစ်ကောင်စီက ပြုလုပ်ကျင်းပမည့် ရွှေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက အမတ်လောင်း ၁၀၀၀ ကျော်ဖြင့် အများဆုံး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ကြေငြာချက်အရ သိရသည်။


ကြံ့ခိုင်ရေးပါတီထဲတွင် ပြည်သူ့လွှတ်တော်အတွက် (၂၆၅) နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၁၅၆) နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာအတွက် (၅၆၉) နေရာ၊ တိုင်းရင်းသားလူမျိုးနေရာအတွက် (၂၈)နေရာ စုစုပေါင်း (၁,၀၁၈)ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဖြင့် နိုင်ငံရေးပါတီ (၆) ပါတီက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။


ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မည့် ကိုယ်စလှယ်လောင်းစုစုပေါင်း (၄,၉၆၃)ဦး ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page