top of page

စစ်ကော်မရှင်က စစ်သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်နေဟုဆို

  • Writer: Pajau Media
    Pajau Media
  • Dec 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။


စစ်ကော်မရှင်က အပတ်စဥ်ဖွင့်လှစ်မည့် ပြည်သူ့စစ်သင်တန်းအတွက် သင်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်လာကြောင်း Myanmar Defense and Security Institute (MDSI)က ထုတ်ပြန်ထားသည်။


စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လစဉ်မပြတ် စစ်သင်တန်းများ ဖွင့်လှစ်နေပြီး လက်ရှိမြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်၏ စစ်သင်တန်းကျောင်းနေရာ ၂၇ နေရာအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။


စစ်ကောင်စီတပ်များသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်က လေ့ကျင့်ရေး သင်တန်းကျောင်းများတွင်သာမက ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) လက်အောက် သင်တန်းကျောင်းများတွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လာတာလို့ MDSI ကဖော်ပြထားသည်။


ထို့ကြောင့် စစ်ကောင်စီတပ်များသည် ပြည်သူ့စစ်သင်တန်းအတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှ လူငယ်များကို နည်းလမ်းအမျိုးမျိုးဖြင့် တပ်သားသစ် စုဆောင်းရေးများ လုပ်ဆောင်လေ့ရှိကြောင်းသိရသည်။


ထို့အပြင် စစ်ကောင်စီ၏ ပြည့်သူ့စစ်သင်တန်း အပတ်စဉ် ၁၅ အထိ သင်တန်းဆင်းအင်အားမှာ ၇၁,၀၀၀ ကျော်ရှိနေပြီး လက်ရှိအချိန်တွင် အပတ်စဉ် ၁၉ အထိ ဖွင့်လှစ်ထားကြောင်းသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page