top of page

စစ်ကော်မရှင်က ရွာပြန်သည့်စစ်ရှောင်ပြည်သူ ၂ ဦး ဖမ်းဆီးမှုပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Nov 21
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် မြစ်ကြီးနား ဖားကန့်လမ်းပေါ် မှ ကပ်မှော် ကျေးရွာက ပြည်သူနှစ်ဦးသည် စစ်ရှောင်သည့် အချိန်ကြာလာသည့်အတွက် ရွာမှာကျန်ခဲ့သည့် အိမ်ခြံ၊ ကျွဲ၊ နွား သွားကြည့်ရန် ရွာပြန်သည့် လမ်းမှာ စစ်‌ကော်မရှင်၏ ဖမ်းဆီးခြင်းခံရကြောင်းသိရသည်။

.

ဒီတစ်ပတ်ထဲမှာပဲ ကပ်မော်ကျေးရွာ က Slg.Hpaulu Brang Lai နဲ့ Hpt. Ndau Tu Lar ရွာသားနှစ်ဦးသည် ရွာပြန်သည့်လမ်းမှာ စစ်ကော်မရှင်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရပြီး၊ နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းမှာ Hpt. Ndau Tu Lar ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးမှာ လက်ရှိချိန်ထိ အိမ်သူ အိမ်သားတွေ နဲ့ အဆက်အသွယ် မရပဲ ပျောက်နေတာ ၄ ရက် ရှိပြီဖြစ်သောကြောင့် မိသားစု က စိုးရိမ်နေကြောင်းသိရသည်။

စစ်ကော်မရှင်က ဖားကန့်လမ်းကပ်မှော် ရွာအဝင် ကုန်းတွေမှာ စခန်းချနေထိုင်ကာ လှုပ်ရှားနေသည့်အတွက် ဒေသခံများ သည် ရွာမပြန်ရဲဘဲဖြစ်နေကျသည်။ ကျေးရွာအနီး တစ်ဝိုက်မှာပဲ လှုပ်ရှားနေသည့်အတွက် တိုက်ပွဲ ပြန်ပြင်းထန်လာမှာ ကို ဒေသခံများ စိုးရိမ်နေကြပါတယ်။


မြစ်ကြီးနား ဖားကန့်လမ်း တစ်လျှောက် စစ်ကော်မရှင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာသည်မှာ လွန်ခဲ့သည့် ဧပြီလ ကတည်းကဖြစ်ပြီး တိုက်ပွဲများလည်းဆက်လက် ပြင်းထန်လာကာ ဒေသခံများ သည် ကိုယ့်နည်းကိုယ့်ဟန်နှင့် တောတောင်တွေထဲ တိမ်းရှောင်နေတာ လက်ရှိအချိန်ထိဖြစ်ပါတယ်။


သတင်း- ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page