top of page

စစ်ကော်မရှင်က လေကြောင်း၊ ဒရုန်းများ ရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူများ စစ်ရေးသတိရှိရန်လို

  • Writer: Pajau Media
    Pajau Media
  • Sep 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



အာဏာသိမ်းစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် လေကြောင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ လုံခြုံသည့်နေရာများ စီစဉ်ထားကြရန် ကချင်လွတ်လပ်ရေးတပ်မတော် KIAမှ သတိပေး ပြောဆိုထားသည်။


စစ်ကောင်စီတပ်များမှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများ ပြန်လည်ရရှိရန်အတွက် စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။


ထို့ပြင် ဖားကန့်မြို့နယ်တွင်လည်း မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းအပြင် လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုလည်း မကြာခဏရှိနေကြောင်း သိရသည်။


စစ်ကောင်စီက ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားသည့် နေရာများသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင်လည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက် ရှိနေကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page