စစ်ကော်မရှင်တပ်ဖွဲ့များက မြစ်ကြီးနားမြို့ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးပြီး တွေ့သမျှပိုက်ဆံနှင့်ပစ္စည်းများ သိမ်းယူ
- Pajau Media

- Nov 19
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

မြစ်ကြီးနားမြို့အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ များက လမ်းသွားလမ်းလာပြည်သူများကို တားဆီးစစ်ဆေးခြင်း အချိန်မရွေးနေရာမရွေး လုပ်ဆောင်ရာ ပြည်သူများထံမှ တွေ့သမျှ ပစ္စည်းနင့် ပိုက်ဆံအိတ်ကပိုက်ဆံကိုပါ သိမ်းယူနေသည်ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ဆို သည်။
" အဲ့နေရာမှာ အမြဲရှိနေတာမျိုးမဟုတ်ဘဲ သူတို့ စစ်ချင်တဲ့အချိန် ကောက်စစ်တာမျိုး ပိုဆိုးတာက ကြာရာပတ္တီးလမ်းဘက်မှာဆို ပိုက်ဆံတွေရောသိမ်းတယ်၊ ပါလာတဲ့ ပစ္စည်းထဲက သူတို့ ကြိုက်တာဆိုရင် ယူတာပဲ ဘာမှပြောလို့ မရ၊ ဓားပြတိုက်သလိုပဲ၊ လိုအပ်လို့ အပြင် ထွက်ရင်တောင် စိုးရိမ်နေရတယ် " ဟုဆို သည်။
စစ်ကော်မရှင်က နိုင်ငံတော်အာဏာသိမ်းပိုက်ချိန်မှစပြီး ဒေသအတွင်း ခိုးဆိုးလုယှက်မှု တွေ တစ်နေ့တစ်ခြား ပိုပိုများလာတာကို လက်ရှိနိုင်ငံတော် တာဝန်ယူထားတဲ့ အစိုးရမှလည်း တာဝန်ယူ ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အတွက် ဒေသအတွင်းပြည်သူများ လုံခြုံကင်းမဲ့စွာ သွားလာနေရကြောင်းလည်းသိရသည်။
ဒါ့အပြင်မြစ်ကြီးနားမြို့တွင်း ဆိုင်ကယ်၊ ပိုက်ဆံအိတ်၊ ဆွဲကြိုး လုယှက်ခံရခြင်းသည် တစ်ပတ်လျှင် အနည်းဆုံး (၃) ကြိမ်မက ဖြစ်ပွားနေတာဖြစ်ကြောင်း၊ အများအာဖြင့် ခိုးဆိုးလုယှက်မှုကို အသက်လတ်ပိုင်း အားကောင်းသည့် လူငယ်ပိုင်းများက ပိုများနေကြောင်းသိရသည်။
သတင်း- ပီလာမ့်အူ



Comments